WordPress install လုပ်ရန် အကောင်းဆုံး Free Hosting များ


အကောင်းဆုံး Free Hosting များ

Free ဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့ မြန်မာပြည်က IT သမားများ ကြားမှာတော့ ထူးဆန်းတဲ့ စကားလုံးတစ်ခု မဟုတ်တော့ပါဘူး။ Free softwares, Free Download စတဲ့ စာသားတွေဟာလည်း Internet မှာ ပလူပျံနေအောင် ပေါများလှပါတယ်။ အင်တာနက်က ဝက်ဘ်ဆိုက်တွေက သူတို့ရဲ့ဆိုက်တွေကို လူသိများအောင် services တွေ ပေးကြတယ်။ အဲဒီလို services တွေထဲမှာတော့ Free services ဟာ အများဆုံးပဲ ဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ Free services တွေထဲကမှ WordPress နဲ့ တည်ဆောက်မယ့် သူတွေအတွက်၊ တစ်နည်းအားဖြင့် WordPress Blogger ဖြစ်ချင်သူတွေအတွက် WordPress ကို install လုပ်နိုင်မယ့် Free Hosting တွေထဲကမှ အကောင်းဆုံးလို့ထင်တဲ့ Free Hosting (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။


1. WordPress.com

WordPress.Com

 

WordPress ရဲ့ ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ WordPress.com ပေါ်မှာပဲ ကိုယ့်ရဲ့ Blog ကို တည်ဆောက်လို့ ရပါတယ်။ WordPress ရဲ့ဝက်ဘ်ဆိုက်မှာပဲ WordPress ကို install လုပ်တာဆိုတော့ ပြောနေဖို့တောင် မလိုတော့ပါဘူး။ ကိုယ့်ရဲ့ Blog ဟာ မြန်ဆန်မယ်၊ ပြီးတော့ disk space အတွက်လည်း ကြည့်နေစရာ မလိုပါဘူး။ WordPress themes တွေကိုလည်း free ရနိုင်ပါတယ်။ domain name အနေနဲ့ကတော့ yourname.wordpress.com ဆိုပြီး default အနေနဲ့ ရနိုင်ပါတယ်။ ကိုယ်ပိုင် domain name နဲ့ တည်ဆောက်ချင်ရင်တော့ (၁) နှစ်စာအတွက် $10 ကျသင့်မှာပဲ ဖြစ်ပါတယ်။ WordPress.com မှာ ပြောစရာ ရှိနေတာကတော့ Plugins တွေကို install လုပ်လို့ မရတာပဲ ဖြစ်ပါတယ်။
___________________________

2. DreamHost Apps

DreamHost

 

Dream Host မှာ WordPress Blog တွေအတွက် free unlimited hosting ပေးထားတဲ့ ကိစ္စကို Blogger အတော်များများ သိသူနည်းတယ်ဆို့ ဆိုပါတယ်။ Blog တစ်ခုကို အောင်မြင်စွာနဲ့ တည်ဆောက်ဖို့အတွက် လိုအပ်ချက်တွေ Dream Host မှာ ရှိနေပါတယ်။ သူ့ရဲ့ WordPress အတွက် ပေးထားတဲ့ free services ကို အောက်မှာ ကြည့်ပါ။
Unlimited disk space
Unlimited bandwidth
Wordpress optimized servers
One-click WordPress installation
Automatic updates
___________________________

3. ByteHost

ByetHost

 

ဒီ Host ကတော့ ကျွန်တော် လက်ရှိ အသုံးပြုနေတဲ့ Hosting တစ်ခုပဲ ဖြစ်ပါတယ်။ Free hosting တွေထဲမှာတော့ ဒီ host ဟာ အမြန်ဆုံး host တစ်ခု ဖြစ်ပါတယ်။ Blogger တွေအတွက် လုံလောက်တဲ့ ခွင့်ပြုချက်တွေကို သူ့ရဲ့ Free hosting မှာ ထည့်သွင်း ပေးထားပါတယ်။
5500 MB disk space
200 GB bandwidth
50 MySQL databases
PhpMyAdmin
Easy to use control panel
One-click script installer
No advertisements!
___________________________

4. Zymic

Zymic

 

Disk space နဲ့ bandwidth ကို အတော်များများ free ပေးထားတဲ့ နောက်ထပ် Free hosting တစ်ခုကတော့ Zymic ပဲ ဖြစ်ပါတယ်။
5000 MB disk space
50 GB bandwidth
3 MySQL databases
PhpMyAdmin
ZHCP control panel
No advertisements!
___________________________

5. FreeHostia

FreeHostia

 

Freehostia ရဲ့ “Chocolate” hosting plan ကတော့ မိနစ် အနည်းငယ်အတွင်းမှာပဲ ကိုယ်ပိုင် Blog တစ်ခုကို စတင် တည်ဆောက်လို့ ရစေပါတယ်။ Freehostia မှာ Joomla, Drupal နဲ့ WordPress စတာတွေကို install လုပ်လို့ ရပါတယ်။ အပေါ်က free hosting တွေနဲ့ နှိုင်းယှဉ်ရင်တော့ FreeHostia က ခွင့်ပြုပေးထားတဲ့ disk space, bandwidth တွေက တော်တော်လေးကို နည်းတာကို တွေ့ရပါတယ်။ ဒါပေမယ့်လို့လည်း Blogger အသစ်တွေ အတွက်ကတော့ လုံလောက်မှု ရှိတယ်လို့ ဆိုရမှာပါ။

250 MB disk space
6 GB bandwidth
1 MySQL database
PhpMyAdmin
One-Click script installation
99.9% uptime guarantee
No advertisements!
___________________________
အပေါ်မှာ ဖော်ပြခဲ့တဲ့ Free Hosting (၅) ခုစလုံးဟာ WordPress ကို install လုပ်ပြီး Blog တစ်ခု တည်ဆောက်ဖို့အတွက် အကောင်းဆုံး hosting တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့လည်း Free Hosting ဘယ်လောက် ကောင်းတယ်ပြောပြော၊ ပိုက်ဆံပေးပြီး ဝယ်ထားတဲ့ Hosting တစ်ခုလောက်တော့ မကောင်းတာ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ တစ်ခုခု ဖြစ်သွားပြီဆိုရင် ဘာမှ complain တက်လို့ မရလို့ပါပဲ ခင်ဗျာ။ Hosting တစ်ခုရဲ့ ဈေးနှုန်းကတော့ ကျွန်တော်တို့ မြန်မာငွေကြေးနဲ့ဆိုရင် တစ်နှစ်ကို ငါးသောင်းကျပ် ဝန်းကျင်လောက် ရှိပါတယ်။ domain name တစ်ခုကိုတော့ တစ်နှစ်ကို တစ်သောင်းကျပ် ဝန်းကျင်လောက် ရှိပါတယ်။ Domain Name, Hosting တွေ ဝယ်လို့ ရနိုင်မယ့် နေရာတစ်ခုကို ဒီနေရာမှာ ညွှန်းချင်ပါတယ်။ လှိုင် တက္ကသိုလ် နယ်မြေ Myanmar Info Tech ထဲမှာရှိတဲ့ Myanmars.NET ကုမ္ပဏီကို သွားပါလို့ ညွှန်းပါရစေ ခင်ဗျာ။

Post by Anzartone
(https://anzartone.wordpress.com/)

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s