တစ်မိနစ်အတွင်း အင်တာနက်ပေါ်က လုပ်ဆောင်ချက်များ


တစ်မိနစ်အတွင်း အင်တာနက်ပေါ်က လုပ်ဆောင်ချက်များ

ကမ္ဘာတစ်ဝန်း အင်တာနက် အသုံးပြုသူပေါင်း မြောက်မြားစွာ ရှိပါတယ်။ အဲဒီထဲမှာ ကျနော်တို့လည်း ပါပါတယ်။ အဲဒီ မြောက်မြားစွာရှိတဲ့ အင်တာနက် အသုံးပြုသူတွေဟာ ဘာတွေ လုပ်ဆောင်ကြသလဲ …? Email သုံးမယ်။ Facebook သုံးမယ်၊ ပုံတွေ ကြည့်မယ်၊ တင်မယ်၊ Video တွေလည်း ကြည့်မယ်၊ တင်မယ် … စသည်ဖြင့် အသုံးပြုနေကြပါတယ်။ ဒါဆို အချိန်အတိုင်းအတာနဲ့ တစ်မိနစ် အတွင်းမှာ ကမ္ဘာတစ်ဝန်း အင်တာနက် ပေါ်မှာ ဘာတွေ ဘယ်လို အသုံးပြုကြသလဲ … လို့ .. မေးခဲ့ရင် ဘယ်လို ဖြေကြမလဲ …?

သေချာပါတယ် …။ ဖြေဖို့ အတော်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် hdpixels.net ဆိုတဲ့ ဝက်ဘ်ဆိုက်မှာတော့ တစ်မိနစ်အတွင်း အင်တာနက်ပေးမှာ အသုံးပြုမှုတွေကို ဟောဒီလို ဖော်ပြထားပါတယ်။

တစ်မိနစ်အတွင်း အင်တာနက် အသုံးစာရင်း

Email ပေါင်း (၂၀၄) သိန်း ပေးပို့နေပါတယ်။
ကမ္ဘာ့အကြီးဆုံး အွန်လိုင်း အရောင်းအဝယ် ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Amazon မှာတော့ တစ်မိနစ်အတွင်း ဒေါ်လာ (၈၃၀၀၀) ဖိုး ရောင်းနေရပါတယ်။
ဓာတ်ပုံ ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Flickr ပေါ်မှာတော့ တစ်မိနစ်အတွင်းမှာ ဓာတ်ပုံပေါင်း သိန်း (၂၀) ခန့်ကို ကြည့်ရှုနေကြပြီး ဓာတ်ပုံ (၃၀၀၀) ခန့်ကိုတော့ Upload တင်နေကြပါတယ်။
ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Facebook ပေါ်မှာတော့ တစ်မိနစ်အတွင်း စာမျက်နှာပေါင်း (၆) သိန်းခန့်ကို ကြည့်ရှုနေကြပါတယ်။
ဗီဒီယို ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Youtube ပေါ်မှာတော့ ဗီဒီယိုပေါင်း ၁ သိန်း ၃ သောင်းခန့်ကို တစ်မိနစ်အတွင်း ကြည့်ရှုနေကြပါတယ်။
ကမ္ဘာတစ်ဝန်း IP data ပေါင်းဟာလည်း တစ်မိနစ်အတွင်းမှာ (640000 GB) နီးပါးထိ transfer ပြုလုပ်နေပါတယ်။

Source : http://www.hdpixels.net

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s