ခေါင်းစဉ်မဲ့ (ကဗျာ)


ခေါင်းစဉ်မဲ့ (ကဗျာ)

ကောင်းကင်ရဲ့အောက်
မြေကြီးရဲ့အပေါ်
ခေါ်သူမရှိဘဲ
လမ်းသလားနေခဲ့တဲ့ နေ့က
သူမနဲ့ စတင်တွေ့ခဲ့ရ …

သူမရဲ့အလှကို ကဗျာစီ
ကာရန် မညီပေမယ့်လည်း
ရင်ထဲက ခံစားချက်နဲ့တော့
ကွက်တိပဲ …


ကျုပ်ကဗျာက
သူမကို Heart ထိ
အတိအကျပြောရရင်
ဖေဖော်ဝါရီ (၁၂) ရက်
အဲဒီနေ့က
သူမ ကျုပ်အချစ်ကို လက်ခံခဲ့ …

ဆုံရန် …… တဲ့
အချိန်တွေ အကုန်မြန်နေခဲ့
ပုံမှန်မဟုတ်တဲ့ ရင်ခုန်သံတွေနဲ့
သူမအပေါ်မှာ
အချစ်ကြီး ချစ်ခဲ့တယ် …

တကယ်ပါ
ဆယ်ခါမက ကျိန်ဝံ့ပါတယ်
တိမ်တွေ လွင့်နေတာ
လေတိုက်လို့ မဟုတ်လား
အဲဒီလိုပဲ
ရင်ထဲက အချစ်တွေက တွန်းပို့လို့
သူမရဲ့ဘေးနား
ရောက်ရောက် လာတတ်ခဲ့တာပါ …
ဒါကိုပဲ သူမက စွပ်စွဲတယ်
‘သူ့ကို မယုံလို့ပါ’ … တဲ့

အဲဒီက မြစ်ဖျားခံ
ထန်လွန်းတဲ့ လေတွေတိုက်
ကာသွားခဲ့ တံတိုင်းတစ်ခု
‘သူမကို မယုယနဲ့တော့’ … တဲ့

သူမရဲ့ နှုတ်ဖျားက
ပြောထွက်ခဲ့စကား
ကျုပ်ကို ဆွံ့အသွားစေခဲ့
‘မချစ်တော့ဘူး’ ……………….. တဲ့ ။

မောင်ရွာ

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s