Folder တွေကို Password ပေး၍ ကာကွယ်နည်း၊ ဖျောက်ထားနည်း


Folder တွေကို Password ပေး၍ ကာကွယ်နည်း၊ ဖျောက်ထားနည်း

ကျနော်တို့ ကွန်ပျူတာထဲမှာရှိတဲ့ Folder ကို အခြားသူတွေ မမြင်စေချင်လို့ပဲဖြစ်ဖြစ်၊ အရေးကြီးတဲ့ ဒေတာတွေ ထည့်ထားလို့ ကာကွယ်ထားချင်ရင်ပဲ ဖြစ်ဖြစ် Folder ကို ကာကွယ်ထားချင်တယ်၊ ဖျော်ထားချင်တယ် ဆိုပါတော့။ ဒါဆို ဘယ်လို လုပ်မလဲ။ အင်တာနက်ပေါ်မှာ Folder တွေကို password ခံတာ၊ ဖျော်ထားတာ လုပ်ပေးတဲ့ ဆော့ဖ်ဝဲတွေကို သုံးလိုက်မှာပေါ့နော့။ အခု ကျနော်ပြောမယ့် နည်းလေးကတော့ ဆော့ဖ်ဝဲ သုံးစရာ မလိုဘဲ Folder အသစ်တစ်ခုကို ဖန်တီးလို့ အဲဒီ Folder ကို လူမမြင်အောင် ဖျောက်ထားတာ၊ password နဲ့မှ ဖွင့်လို့ရတဲ့ လက်လုပ်နည်းလေးပဲ ဖြစ်ပါတယ်။

ဒါလေးကို ဖန်တီးဖို့အတွက် ….
၁။ Notepad ကို ဖွင့်ပါ။ (Windows Logo key + R >>> type in box “notepad” >>> Enter)
၂။ အဲဒီ notepad ထဲမှာ အောက်က code တွေကို ကူးယူပြီး ထည့်လိုက်ပါ။

cls
@ECHO OFF
title Folder Personal
if EXIST “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}” goto UNLOCK
if NOT EXIST Personal goto MDLOCKER
:CONFIRM
echo Are you sure u want to Lock the folder(Y/N)
set/p “cho=>”
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%== N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Personal “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}”
attrib +h +s “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}”
echo Folder locked
goto End
:UNLOCK

echo Enter password to Unlock folder
set/p “pass=>”
if NOT %pass% == pwd123 HERE goto FAIL
attrib -h -s “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}”
ren “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}” Personal
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Personal
echo Personal created successfully
goto End
:End

၃။ ကိုယ်ကြိုက်တဲ့ နာမည်ပေးပြီး drive တစ်ခုခု (C: (or) D: (or) something ) ထဲမှာ save လိုက်ပါ။ Save တဲ့အခါမှာ နာမည်ရဲ့ နောက်မှာ .bat ဆိုတာလေးကို ခံပြီးမှ save လုပ်ပါ။ ( ဥပမာ – mysecret.bat )

၎။ ကိုယ် save လုပ်ထားတဲ့ နေရာကို သွားကြည့်လိုရင် bat file လေးကို တွေ့ရပါလိမ့်မယ်။ Dobule-Click နှိပ်ပြီး Run လိုက်ပါ။ “Personal” ဆိုပြီး Folder အသစ်လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ (မှတ်ချက် ။     ။ Personal ဆိုတဲ့ နာမည်ကြီးကို မကြိုက်ဖူးဆိုရင်တော့ bat file မဆောက်ခင် code တွေထဲမှာ ပါတဲ့ “Personal” ဆိုတဲ့ နေရာတွေမှာ ကိုယ်ကြိုက်တဲ့ နာမည်ကို ပြောင်းလဲနိုင်ပါတယ်။ ဒါနဲ့ တစ်ဆက်တည်း ပြောရရင် code ထဲမှာ “pwd123″ ဆိုတာကိုလည်း တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ password ပဲ ဖြစ်ပါတယ်။ ကိုယ်ကြိုက်တာကို ပြောင်းလဲနိုင်ပါတယ်။ )

၅။ ကျနော်ကတော့ Personal ဆိုတဲ့ Folder နဲ့ပဲ ဆောက်လိုက်တယ် ဆိုပါတော့။ ဒါဆို အဲဒီ Folder ကို ဖွင့်ပြီး ကိုယ်ကြိုက်တာတွေ ထည့်သိမ်းထားလို့ရပါပြီ။ အားလုံး ထည့်သွင်းပြီးရင် myscret.bat ဆိုတဲ့ bat file လေးကို Run လိုက်ပါ။

၆။ Commend Box တက်လာရင် Y ဆိုပြီးသာ ရိုက်ထည့်၊ Enter ခေါက်လိုက်ပါ။ Personal ဆိုတဲ့ Folder ပျောက်သွားပါလိမ့်မယ်။

၇။ အဲဒီ Folder ကို ပြန်ပြီး ဖော်သုံးချင်တဲ့အခါကျရင် ကိုယ့်ရဲ့ bat ဖိုင်လေးကို ပြန် Run လိုက်ပါ။ ဒါဆို သူက password တောင်းပါလိမ့်မယ်။ ဒီအခါ ကိုယ်ပေးထားတဲ့ password (ကျနော်ကတော့ pwd123 ဆိုတာကို ပေးထားတော့ ဒါလေးကို ရိုက်လိုက်တယ်) ရိုက်ထည့်၊ Enter ခေါက်လိုက်ရင် Folder လေးက ပြန်ပေါ်လာပါလိမ့်မယ်။

အထက်က ပြောခဲ့တာတွေကတော့ bat file ဆောက်ပြီး သုံးနည်းတွေပါ။ Bat File ဆောက်တဲ့အခါ ဖြစ်တတ်တာလေးကိုလည်း ပြောချင်ပါသေးတယ်။ ဒါကတော့ code တွေကို ဒီအတိုင်း copy ယူပြီး notepad ထဲမှာ paste လုပ်တဲ့အခါ ဆီမီးကော်လံ ” ” တွေကြောင့် အမှားပြတတ်ပါတယ်။ ဒါကြောင့် အထက်က Code တွေကို copy ယူပြီး ထည့်တဲ့အခါ ” ” နေရာတွေမှာ ကိုယ့်ရဲ့ ကွန်ပျူတာ ကီးဘုတ်ထဲက ” ” တွေနဲ့ ပြန်လည် အစားထိုးသင့်ပါတယ်။

Bat File ကို ပြန်ပြီး Edit လုပ်ချင်တယ်ဆိုရင် အဲဒီ bat file ပေါ် Right-Click ထောက်ပြီး Edit ဆိုတာနဲ့ ပြန်ပြင်လို့ ရနိုင်ပါတယ်။ ဒီနေရာမှာ သတိပြုစေချင်တာကတော့ အဲဒီလို ပြန်ပြင်လို့ ရနိုင်တဲ့အတွက် Bat File လေးကိုတော့ ကိုယ်မသုံးတဲ့အချိန်မှာ Cut လုပ်ပြီး လုံခြုံစိတ်ချရတဲ့ အခြားတစ်နေရာမှာ ပြောင်းပြီး Paste လုပ်ထားဖို့ပါပဲ။ ကျနော်ကတော့ ကိုယ်နဲ့ တစ်ပါတည်း ယူတတ်တဲ့ Memory Stick ထဲမှာ ထည့်ယူသွားတတ်ပါတယ်။ ကိုယ်က Folder လေးကို ပြန်ဖွင့်ချင်ပြီ ဆိုတော့မှ bat file လေးကို သူ့နေရာသူ ပြန်ပြီး Paste လုပ် run သုံးပါတယ်။

Post by Anzarotne
(https://anzartone.wordpress.com/)

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s