WordPress အသုံးပြုနည်း – ၁


WordPress အသုံးပြုနည်း – ၁

WordPress ဆိုတာ ဘာလဲ?

ဟုတ်ကဲ့ ….

WordPress ဆိုတာ Blogging Tool လို့ ဆိုပါတယ်။ Blog တွေ တည်ဆောက်ချင်တဲ့အခါ သုံးတဲ့ဟာပေါ့ဗျာ။ ကမ္ဘာပေါ်မှာ WordPress ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ Blog ပေါင်းဟာလည်း များစွာပါပဲ။ အချို့က Free Blog, အချို့ကတော့ ကိုယ်ပိုင် ဒိုမိန်းနိမ်းမ်နဲ့ ပိုက်ဆံပေးပြီး တည်ဆောက်ထားတဲ့ ဘလော့ဂ်တွေပေါ့။

WordPress မှာ ဆိုက်နှစ်ခုရှိပါတယ်။ WordPress.Org နဲ့ WordPress.Com ဆိုပြီး ဖြစ်ပါတယ်။ WordPress.Org မှာတော့ WordPress ရဲ့ နောက်ဆုံးထွက် version ကို Download ယူလို့ ရနိုင်သလို၊ Theme တွေ၊ Plugin တွေကိုလည်း ရယူနိုင်ပါတယ်။ WordPress.Com မှာတော့ Free Blog တည်ဆောက်လို့ ရနိုင်သလို၊ ပိုက်ဆံပေးပြီးတော့လည်း တည်ဆောက်လို့ ရနိုင်ပါတယ်။

အခု ကျနော် ပြောမှာကတော့ WordPress.Com နဲ့ Free Blog တစ်ခု တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ ပုံတွေနဲ့တကွ ပြောပြထားပါတယ်။ မရှင်းလင်းတာများ ရှိပါက Comment ထဲတွင် မေးမြန်းခဲ့နိုင်ပါတယ်။ Free Blog တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံး အနေနဲ့ WordPress.Com ကို သွားလိုက်ပါ။

ဒါက WordPress.Com ပါ

Free Blog တစ်ခု တည်ဆောက်ဖို့အတွက် ဒါလေးကို အရင်နှိပ်ရပါမယ်

ဒီနေရာကို ရောက်လာပါလိမ့်မယ်။ ဒီနေရာကတော့ Free Blog အတွက် Form ဖြည့်ပေးရမယ့် နေရာပဲ ဖြစ်ပါတယ်။

Form ကို ဒီလို ဖြည့်ပေးရပါမယ်

ဒါကလည်း Form ထဲမှာ ထပ်ဖြည့်ရမယ့် ပုံစံပါ

ဒါကတော့ နမူနာ ပုံစံပဲ ဖြစ်ပါတယ်

အပေါ်မှာ အားလုံး ဖြည့်ပြီးသွားရင် အောက်ဆုံးနားက ဒါလေးကို နှိပ်ပါ

ဒီနေရာကို ရောက်သွားရင် ကိုယ့်အီးမေးလ်ကို သွားပြီး စစ်လိုက်ပါ။ WordPress က ပို့ထားတဲ့ အီးမေးလ်တစ်စောင် ရောက်နေပါလိမ့်မယ်။

ကိုယ့်အီးမေးလ်ထဲ ရောက်လာတဲ့ WordPress ရဲ့ မေးလ်ပဲ ဖြစ်ပါတယ်။ ဒါလေးကို ဖွင့်လိုက်ပါ။

ကိုယ့်ရဲ့ Free Blog ကို Activate လုပ်ဖို့အတွက် Activate Blog ဆိုတာကို နှိပ်လိုက်ပါ။

ကွန်နက်ရှင် နှေးနေရင် ဒီလိုလေး အရင်ပေါ်ပါလိမ့်မယ်။ စောင့်လိုက်ပါ။

ဒီနေရာကို ရောက်လာရင် ကိုယ့်ဘလော့ဂ်ပုံစံကို ရွေးနိုင်ပါတယ်။

ဒါလေးတွေက ဘလော့ဂ်ပုံစံ ရွေးတဲ့နေရာ အောက်ဆုံးနားမှာ ရှိပါတယ်။

ရွေးမယ်ဆို ကလစ်လေးသာ နှိပ်လိုက်ပါ

ကလစ်နှိပ်ပြီး တစ်ခုခုကို ရွေးလိုက်ရင် အတည်ပြုဖို့ ဒီလိုလေး ပေါ်လာပါတယ်။

ဒါကတော့ Theme ကို Activate လုပ်နေတဲ့ ပုံစံလေးပါ

ဒီနေရာကို ရောက်သွားရင်တော့ WordPress နဲ့ Free Blog တစ်ခု တည်ဆောက်ခြင်း ပြီးသွားပြီလို့ ဆိုနိုင်ပါတယ်

ညာဖက်အပေါ်ထောင့်နားက ကိုယ့်ဘလော့ဂ် နာမည်လေးပေါ် မောက်ကလေး တင်လိုက်ရင် ခုလိုလေး ပေါ်လာပါလိမ့်မယ်။

ဒါကတော့ WordPress ရဲ့ Dashboard ဆိုတဲ့ နေရာပဲ ဖြစ်ပါတယ်။

ဒါကတော့ ကျနော် နမူနာ တည်ဆောက်ထားတဲ့ Blog ပါပဲ

နောက်ပို့စ်တွေကျမှ ပို့စ် ဘယ်လို တင်ရမယ်။ ဘလော့ဂ်ပုံစံ ဘယ်လို ပြောင်းရမယ် ဆိုတာ ပြောပေးသွားပါမယ် …

ဒီပို့စ်ကတော့ ဒီလောက်ပါပဲ …………… ။

 

Post by Anzartone

(https://anzartone.wordpress.com/)

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s