Facebook Chat Messages များအား ဖျက်နည်း


Facebook Chat Delete All

Chat Messages တွေ အားလုံးကို တစ်ပြိုင်နက်တည်း ဖျက်ပစ်ဖို့အတွက် Delete All ဆိုတဲ့ option ကို Facebook က ပေးမထားပါဘူး။ Message တွေကို ဖျက်ချင်ရင် တစ်ခုချင်းစီမှာပါတဲ့ (x) ကိုသာ နှိပ်ပြီး ဖျက်လို့ရပါတယ်။ ကိုယ်က အကုန် ဖျက်ပစ်ချင်တာဆိုရင် အဲ့ဒီလို ဖျက်နေရတာက လက်ဝင်တာပေါ့ဗျာ။

အခု ကျုပ်ပြောမှာကတော့ အဲ့ဒီ Facebook Messages တွေ အားလုံးကို တစ်ပြိုင်နက်တည်း ဖျက်ပစ်နိုင်တဲ့ နည်းလမ်းပါပဲ။ ဒီနည်းလမ်းက Browser အားကိုးနဲ့ ပြုလုပ်ရမယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

တကယ်လို့ ခင်ဗျားတို့ဟာ Firefox ကို သုံးတယ်ဆိုရင် —

1. Greasemonkey Addon ကို Firefox မှာ အရင်ဆုံး Install လုပ်ပါ။ ပြီးရင် Firefox ကို restart ချလိုက်ပါ။

GraseMonkey Firefox Addon

2. ပြီးရင် userscript.org ကို သွားပြီး Facebook Delete Messages ဆိုတာလေးကို Install လုပ်လိုက်ပါ။

Facebook Delete Messages

3. Install လုပ်ပြီးသွားတဲ့အခါ ကိုယ့်ရဲ့ Facebook Messages စာမျက်နှာကို သွားပြီး Refresh လုပ်ကြည့်လိုက်ပါ။ Delete All ဆိုတဲ့ ခလုတ်လေးကို တွေ့ရပါလိမ့်မယ်။

တကယ်လို့ Google Chrome ကို သုံးတာဆိုရင်တော့ဖြင့် ပိုမို လွယ်ကူပါတယ်။ ဘာလို့လဲဆိုတော့ Chrome မှာ Facebook Fast Delete Messages ဆိုတဲ့ Extension လေးကိုသာ Install လုပ်လိုက်ရုံပါပဲ။ Install လုပ်ပြီးတဲ့အခါ ကိုယ့် Facebook Messages စာမျက်နှာကို သွားပြီး Refresh လုပ်ကြည့်လိုက်ပါ။ Delete All ဆိုတာလေးကို တွေ့ရပါလိမ့်မယ်။

Facebook Fast Delete Messages

Post by မဟာရာဇာ အံစာတုံး

(https://anzartone.wordpress.com/)

3 thoughts on “Facebook Chat Messages များအား ဖျက်နည်း

  1. ကျနော် facebook က သူငယ်ချင်းထပ်အပ်လို့မရတော့လို့ ဘယ်လိုလုပ်ရမလဲ

  2. Facebook မှာ သူငယ်ချင်းတွေ ထပ်ပြီး Add လို့ မရတာက …
    ကိုယ့်မှာ သတ်မှတ်ထားတဲ့ သူငယ်ချင်း အတိုင်းအတာကို ကျော်လွန်သွားလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် …
    ဒါမှ မဟုတ် ကိုယ် add ချင်တဲ့ သူငယ်ချင်း အကောင့်ရဲ့ Privacy ကြောင့်လည်း ဖြစ်နိုင်ပါတယ် ..

    အခု .. ညီ က ဖေ့စ်ဘုတ်ခ် မှာ ဘယ်သူငယ်ချင်းကို အပ်အပ် အပ်လို့ မရတာလား ..
    ဒါမှ မဟုတ် ကိုယ် အပ်ချင်တဲ့ လူတွေကို အပ်လို့ မရ ဖြစ်နေတာလား ..

  3. ညီမ Facebook က Log in တော့ဝင်လို့ရတယ် ဒါပေမယ့် ဘာမှမပေါ်ဘူးဖြစ်နေလို့။ သူများ အကောင့်ထဲက ဝင်ရှာကြည့်တော့လည်း ညီမအကောင့်က ရှာမရဘူးဖြစ်နေတယ်။ ဟိုတစ်လောက Facebook က နာမည် Confirm လုပ်ဖို့ရာ ID တင်ပါဆိုလို့ ညီမ ပုံတင်လိုက်တည်းက အဲ့လိုဖြစ်သွားတာပါ။ အဲ့ဒါဘယ်လိုလုပ်ရမလဲသိချင်လို့ပါ

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s