အင်တာနက်ပေါ်မှာ ပုံရှာနည်း (Google Images)


အင်တာနက်ပေါ်မှာ ပုံရှာနည်း (Google Images)

အင်တာနက်ပေါ်မှာ ပုံရှာနည်း ဆိုပေမယ့် Google Images မှာ ပုံရှာနည်းပါပဲ။ Google Images က ပုံရှာရတာ တော်တော် အဆင်ပြေ၊ မြန်ဆန်၊ လွယ်ကူပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ Google Images ကို အသုံးပြုပြီး ပုံရှာတတ်တဲ့ ပုံစံလေးကို ပြန်လည် ဝေမျှချင်ပါတယ်။

Google Images မှာ ပုံရှာတဲ့အခါ ….

  • အချိန်အကန့်အသတ်
  • ဆိုက် (size) အရွယ်အစား
  • ကာလာ
  • အသွင်သဏ္ဍာန်
  • ပုံတူရှာ

…. စတာတွေထဲကမှ ကိုယ်လိုချင်တာကို ရွေးချယ်ပြီး လွယ်လင့်တကူ ရှာဖွေနိုင်စွမ်းရှိပါတယ်။

Google Images ဖြစ်ပါတယ်။ သွားလိုပါက ဒီနေရာကို နှိပ်ပါ။

Search Box ထဲမှာ ကိုယ်ရှာချင်တာကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။

၁။ အချိန်အကန့်အသတ်

Google Images မှာ ကိုယ်လိုချင်တဲ့ ပုံတစ်ပုံကို အချိန် သတ်မှတ် ပေးပြီး ရှာဖွေနိုင်ပါတယ်။ အချိန်အကန့်အားဖြင့် Past 24 Hours, Past Week, Custom range ဆိုပြီး ရှိပါတယ်။ ပြီးခဲ့ ၂၄ နာရီအတွင်းက တင်ထားတဲ့ ပုံတွေဆိုရင် Past 24 Hours ပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ပုံတွေဆိုရင် Past Week ပေါ့။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်ရှာချင်တဲ့ ရက်တစ်ခုကို သတ်မှတ်ပြီး ရှာဖွေချင်တယ်ဆိုရင်တော့ Custom range ကို ရွေးပြီး ကိုယ်ရှာမယ့် ရက်ကို သတ်မှတ်ပေးပေါ့။

ပုံတွေ ရှာဖွေဖို့အတွက် ပထမဆုံး Google Images ကို သွားပါ။ ပြီးရင် ကိုယ်ရှာမယ့် အကြောင်းရာကို search box ထဲမှာ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ဒီအခါ ကိုယ် ရှာဖွေလိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ပုံတွေကို ထုတ်ပြ ပေးပါလိမ့်မယ်။

ဒီအခါ ကျနော်တို့က ကိုယ်လိုချင်တဲ့ပုံကို Page တစ်ခုချင်း လိုက်ရှာနေရရင် မောတာပေါ့နော့။ ဒီနေရာမှာ ကိုယ်လိုချင်တဲ့ ပုံက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက ပုံတွေ ဆိုပါစို့။ ဒါဆို Page ရဲ့ အပေါ်နားက Search Tools ဆိုတာလေးကို အရင်နှိပ်လိုက်ပါ။ ဒီအခါ အောက်နားမှာ Bar လေးတစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ အဲဒီ bar ထဲကမှ Any Time ဆိုတာ လေးကို နှိပ်ပြီး ကိုယ် လိုချင်တဲ့ ရက်စွဲတစ်ခုကို ရွေးချယ် ကလစ်လိုက်ပါ။

ဥပမာအားဖြင့် ……..
ကျနော်တို့က လောလောလတ်လတ် အိုဘားမားနဲ့ ပတ်သက်တဲ့ ပုံတွေကို ရှာဖွေချင်တယ် ဆိုပါစို့။ ဒါဆိုရင် Google Images ကို သွားပြီး obama လို့ ရိုက်ထည့်ပြီး ရှာလိုက်ပါမယ်။ ဒီအခါမှာ obama နဲ့ ပတ်သက်သမျှ ပုံတွေအားလုံးကို ထုတ်ပြပါလိမ့်မယ်။ သို့ပေမယ့် ကျနော်တို့က လောလောလတ်လတ် တင်ထားတဲ့ ပုံတွေကိုပဲ ကြည့်ချင်တာ ဖြစ်တဲ့အတွက် Search Tools ထဲကို ဝင်ပြီး Any Time ဆိုတဲ့ နေရာမှာ Past 24 Hours ကို ရွေးချယ်ပြီး ကလစ်လိုက်ပါမယ်။ ဒီအခါ အိုဘားမားနဲ့ ပတ်သက်ပြီး တင်လာတဲ့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက ပုံတွေကိုပဲ သီးသန့်အနေနဲ့ Google Images က ထုတ်ပြပေးပါလိမ့်မယ်။

Any time ဆိုတာ ဒီလိုလေးပါ။

ဒါကတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းက အိုဘားမားနဲ့ ပတ်သက်တဲ့ ပုံတွေကို ရှာကြည့်တာပါ။

+++++++++++++++++++++++

၂။ ဆိုက် (size) ပုံရဲ့ အရွယ်အစား

Google Images မှာ ပုံတစ်ပုံရဲ့ အရွယ်အစားကို သတ်မှတ်ပြီးတော့လည်း ရှာဖွေနိုင်ပါတယ်။ Large, Medium, Icon ဆိုပြီး သုံးမျိုး ပေးထားပါတယ်။ ကိုယ်က ပုံအရွယ်အစား ကြီးကြီး လိုချင်တာဆိုရင် Any Size နေရာမှာ Large ကို ရွေးပေးပေါ့။ အလယ်အလတ် ဆိုရင် Medium ကို ရွေးပေါ့။ Icon ပုံစံလေးတွေပဲ လိုချင်ရင် Icon ကိုပဲ ရွေးလိုက်ပေါ့။

ဒါကတော့ ပုံတစ်ပုံရဲ့ ဆိုက်ကိုပါ ပူးတွဲကြည့်ချင်တဲ့အခါမှာ သုံးပါတယ်။

ပုံတစ်ပုံကို အရွယ်အစား သတ်မှတ်ပြီး ရှာမယ်ဆို ဒီနေရာကို သွားရပါမယ်။

ဒါကတော့ ပုံအကြီး (Large) ဆိုက်တွေကို ရှာကြည့်တာပါ။

ဒါကတော့ Medium Size အရွယ်အစား ပုံတွေကို သီးသန့် ရှာဖွေတာပဲ ဖြစ်ပါတယ်။

ဒါကတော့ Icon အရွယ်အစား ပုံတွေကို ရှာဖွေတာပဲ ဖြစ်ပါတယ်။

+++++++++++++++++++++++

၃။ ပုံရဲ့အရောင် (ကာလာ)

Google Images မှာ ပုံကို အရောင် အလိုက်လည်း ရှာဖွေနိုင်ပါတယ်။ ကိုယ်က အဖြူအမဲ ပုံကိုပဲ ရှာချင်တာဆိုရင် Any Color ဆိုတဲ့ နေရာမှာ Black and White ဆိုတာကို ရွေးပြီး ရှာဖွေနိုင်ပါတယ်။ ဒါမှ မဟုတ် အနီရောင် လွှမ်းနေတဲ့ ပုံကို ရှာချင်တာဆိုရင်တော့ အောက်က ကာလာ ပုံစံလေးတွေထဲက အနီရောင်ကို နှိပ်ပြီး ရှာနိုင်ပါတယ်။

အရောင်တစ်ခု သတ်မှတ်ပြီး ပုံရှာချင်တဲ့အခါ ဒီနေရာမှာ ရှာပါ။

ဒါကတော့ အဖြူနဲ့ အမည်းပုံတွေကို အစမ်းရှာကြည့်တာပါ။

ဒါကတော့ အနီရောင် လွှမ်းနေတဲ့ ပုံတွေကို သီးသန့်ထုတ်ရှာတာပါ။

ကြုံတုံးလေး သဘာဝရှုခင်းပုံ wallpaper တွေ ရှာတဲ့အခါ ပုံရဲ့ ဆိုက်ကိုပါ တစ်ပါတည်း ကြည့်ပြီး ရှာတာက ပိုကောင်းပါတယ်။

သဘာဝ ရှုခင်းပုံဆိုတော့ အစိမ်းရောင် လွှမ်းခြုံထားပြီး ပုံဆိုက်ကြီးကြီးဆို ပိုကောင်းတာပေါ့။

+++++++++++++++++++++++

၎။ ပုံရဲ့ ပုံစံ (အသွင်သဏ္ဍာန်)

Google Images မှာ ကိုယ်ရှာချင်တဲ့ ပုံရဲ့ အသွင်သဏ္ဍာန်ကိုလည်း ရွေးချယ် ရှာဖွေနိုင်ပါတယ်။ မျက်နှာ ဦးစားပေးပုံ (Face) ၊ ဓါတ်ပုံ အမျိုးအစား (Photo) ၊ ကာတွန်းပုံစံ (Clip Art) ၊ မျဉ်းကြောင်းခြစ် ပုံ (Line Drawing) ဆိုတဲ့ အမျိုးအစားတွေကို ခွဲခြား ရှာဖွေနိုင်ပါတယ်။

ပုံတွေကို အသွင်သဏ္ဍာန်ခွဲခြားပြီး ရှာချင်တဲ့အခါ ဒီနေရာကို သွားလိုက်ပါ။

ဒါကတော့ မျက်နှာဦးစားပေး ပုံတွေ

ဒါကတော့ ကာတွန်း ပုံစံမျိုးတွေကို သီးသန့် ဆွဲပြီး ရှာတာ။

ဒါကတော့ မျဉ်းဆွဲ မျဉ်းခြစ် ပုံတွေကိုပဲ သီးသန့် ထုတ်ရှာတာ။ အဲ ကျနော်တို့ ရှာနေတာက mandalaygazette ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်တာတွေကိုပဲနော်။

ဒါကတော့ အိုဘားမား နဲ့ ပတ်သက်တဲ့ ကာတွန်း ပုံစံလေးတွေကို ရှာကြည့်တာပါ။

+++++++++++++++++++++++++

၅။ ပုံတူရှာ

ကိုယ့်မှာ ရှိပြီးသားပုံနဲ့ အလားသဏ္ဍာန် ဆင်တူတဲ့ ပုံတွေကိုလည်း Google Images မှာ ရှာဖွေနိုင်ပါတယ်။ ဒါမှ မဟုတ် အင်တာနက်ပေါ်မှာ ရှိပြီးသား ပုံတစ်ပုံရဲ့ လင့်ကို ယူပြီးတော့လည်း အလားတူ ပုံတွေကို ရှာဖွေနိုင်ပါတယ်။

အွန်လိုင်းပေါ်မှာ ရှိပြီးသား ပုံရဲ့ လင့်ခ်၊ ဒါမှမဟုတ် ကိုယ့်ကွန်ပျူတာထဲမှာ ရှိနေတဲ့ ပုံတစ်ပုံနဲ့ ပုံစံတူတဲ့ ပုံတွေကို ရှာချင်တယ်ဆိုရင် ဒီ ကင်မရာ ပုံစံလေးကို နှိပ်ပါ။

ဒီနေရာမှာ အင်တာနက်ပေါ်မှာ ရှိနေတဲ့ ပုံရဲ့ လင့်ခ်ကို ထည့်ပါ။

ကွန်ပျူတာထဲက ပုံနဲ့ ပုံတူကို ရှာချင်ရင် Browse နဲ့သွားပြီး ပုံကို ရွေးလို့ ရနိုင်သလို၊ ပုံကို ဆွဲထည့်ပြီးလည်း ရွေးလို့ ရနိုင်ပါစေတယ်။

ဒါကတော့ Browse နဲ့ သွားတဲ့ ပုံစံလေးပါ။

ဒါကတော့ ကိုယ်တင်လိုက်တဲ့ပုံကို Loading လုပ်နေတဲ့ ပုံစံလေးပါ။

ကျနော်ကတော့ နမူနာအဖြစ် ကြာပန်းပုံလေးနဲ့ ပုံတူတွေကို ရှာကြည့်ပါတယ်။ ဒီလို result မျိုး ထွက်လာပါတယ်။

Google Images မှတစ်ဆင့် ပုံများကို ယူခြင်း (မသိသေးသူများ အတွက်)

Google Images ထဲက ပုံတွေကို ယူဖို့အတွက်ဆိုရင် ပထမဆုံး ကိုယ်လိုချင်တဲ့ ပုံတစ်ပုံပေါ်ကို mouse လေး တင်ပါ။ ပြီးရင် right click ထောက်ပါ။ ပြီးရင် Open Link in New Tab ဆိုတာနဲ့ သွားလိုက်ပါ။

Tab အသစ်မှာ ပွင့်လာတဲ့အခါ Full -size Image ဆိုတာလေးကို နှိပ်လိုက်ပါ။

ပြီးရင် ထွက်လာတဲ့ ပုံပေါ်ကို Right Click ထောက်ပါ။ Save Image As ဆိုတာကို နှိပ်ပြီး ကိုယ်ကြိုက်တဲ့ နေရာကို Save လုပ်လိုက်ပါ။

ဒါကတော့ ကွန်ပျူတာထဲမှာ Save တဲ့ ပုံစံလေးပါပဲ။

+++++++++++++++++++++++++++++++

အားလုံးကို ကျေးဇူးတင်ပါတယ်။

by – မဟာရာဇာ အံစာတုံး

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s