Facebook Chat ကို Invisible လုပ်ထားနည်း


Facebook Chat Invisible

Facebook Chat Invisible

သောက်မြင်ကပ် ပုဒ်မနဲ့ ဖြစ်ဖြစ်၊ ရှော့ရှိတဲ့ အကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ် အွန်လိုင်းမှ ရှိနေတာကို မမြင်စေချင်တဲ့အခါမျိုးမှာ Invisible လုပ်ထားတတ်ကြပါတယ်။ အဓိက အားဖြင့် Invisible လုပ်တယ်ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် တော်ကီပွားကြတဲ့ Chat တွေမှာ လုပ်ထားကြတာပါ။

ကျနော်တို့ Google ရဲ့ Gmail Chat မှာ Invisible လုပ်ထားလို့ ရသလို Facebook ရဲ့ Chat မှာလည်း ကိုယ် ရှိနေမှန်း မသိအောင်၊ ကိုယ့်ကို မမြင်ရအောင် invisible လုပ်ထားလို့ ရပါတယ်။ ဒီနည်းလမ်းလေးကို မျှဝေချင်ပါတယ်။

Facebook Chat မှာ invisible လုပ်လို့ရတဲ့နည်း (၂) နည်း ရှိပါတယ်။ ဒါကတော့ တစ်ဦးတစ်ယောက်တည်းကိုပဲ invisible လုပ်တဲ့နည်းနဲ့ ကိုယ် invisible လုပ်ထားချင်တဲ့သူတွေကို List ဖွဲ့ပြီး invisible လုပ်တဲ့နည်းတွေပါပဲ။

 

၁။ တစ်ဦးတည်းကို Invisible လုပ်ထားနည်း

 

ဒီလိုလုပ်ဖို့အတွက် ပထမဆုံး ကိုယ် invisible လုပ်ချင်တဲ့ သူငယ်ချင်းကို နှိပ်လိုက်ပါ။ chat ထဲကနေ နှိပ်ရမှာပေါ့ဗျာ။

Chat Box ပေါ်လာပြီဆိုရင် အပေါ်ညာဖက်နားက options ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။

ပြီးသွားရင် Turn of Chat xxxxx ဆိုတာလေးကိုသာ နှိပ်လိုက်ပါ။

ဒါဆိုရင် အိုကေသွားပါပြီ။

 

၂။ Lists လုပ်ပြီး Chat invisible လုပ်ထားနည်း

 

တစ်ဦးထက်မကတဲ့ သူတွေကို invisible လုပ်ထားချင်တယ်ဆိုရင် Facebook မှာ Lists တစ်ခု အရင်ဆောက်ဖို့ လိုအပ်ပါတယ်။

List ဆောက်ဖို့အတွက် ပထမဆုံး အနေနဲ့ Facebook Wall (http://www.facebook.com/) ကို သွားပါ။

ဘယ်ဘက် အခြမ်းထဲမှာ Friends ဆိုတာကို ရှာပါ။

Friends ဆိုတာပေါ်ကို မောက်တင်လိုက်တာနဲ့ more ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ နှိပ်လိုက်ပါ။

ပေါ်လာတဲ့အခါ +Create List ဆိုတာလေးကို နှိပ်ပြီး List တစ်ခု ဆောက်လိုက်ပါ။

ပြီးသွားရင် Facebook Chat ရဲ့ အပေါ်ညာဖက်ထောင်နားမှာ ရှိနေတဲ့ settings ဆိုတာလေးကို နှိပ်ပြီး Advance settings ကို သွားပါ။

Turn on chat for all friends except… ဆိုတဲ့ နေရာမှာ စောစောက ကိုယ်ဆောက်ထားတဲ့ List နာမည်ကို ရေးပေးလိုက်ပါ။

ပြီးသွားရင် Save နဲ့ ထွက်လိုက်ပါ။ အဆင်မပြေတာများ ရှိပါက မေးမြန်းနိုင်ပါတယ်။

 

by- မဟာရာဇာ အံစာတုံး

(https://anzartone.wordpress.com/)

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s