Firefox browser ဖွင့်တဲ့အခါ မြန်မြန်ပွင့်လာစေဖို့


Firefox browser ဖွင့်တဲ့အခါ မြန်မြန်ပွင့်လာစေဖို့

Firefox browser ဖွင့်တဲ့အခါ မြန်မြန်ပွင့်လာစေဖို့

ကျွန်တော်တို့ မြန်မာပြည်က လူတွေဟာ Internet Browser တွေထဲမှာ Firefox ကို အသုံးများပါတယ်။ ဒါကြောင့် Firefox ကို စဖွင့်ဖွင့်ချင်းမှာ ကြာတတ်တာကို များသောအားဖြင့် သိကြပါလိမ့်မယ်။ ကျွန်တော်လည်း firefox ကိုပဲ သုံးသလို၊ သုံးရတာလည်း အရမ်း အဆင်ပြေတယ်။ ဒါပေမယ့် တစ်ခုခက်တာက computer ကို ဖွင့်ပြီး အင်တာနက် သုံးဖို့အတွက် firefox ကို စဖွင့်ဖွင့်ချင်းမှာ firefox ပွင့်လာဖို့အတွက် စောင့်ရတာပါပဲ။

ဒါကြောင့် Firefox browser ကို စဖွင့်ဖွင့်ချင်း မြန်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကို အင်တာနက်မှာ ရှာခဲ့တယ်။ ရှာတဲ့အတိုင်းလည်း တွေ့ပါတယ်။ နည်းလမ်းကတော့ (၁၀) မျိုးပါ။

၁။ Firefox Browser ရဲ့ Homepage ကို Blank page ထားပါ။

၂။ မလိုအပ်တဲ့ Bookmark တွေကို Remove လုပ်ပါ။

၃။ Computer မှာ run ထားတဲ့ Antivirus Software ကို စစ်ဆေးပါ။ ဘာကြောင့်လဲဆိုရင် Firefox ဟာ သူ့ကို စဖွင့်ဖွင့်ချင်းမှာ file အတော်များများကို ဖတ်လေ့ရှိပါတယ်။ တစ်ချို့ antivirus ဆော့ဖ်ဝဲတွေဟာ firefox က ဖတ်နေတဲ့ file တွေကို scan လုပ်ပါတယ်။ သူ့ရဲ့ scan လုပ်တာပြီးမှ firefox ကို ပွင့်စေတဲ့အတွက် computer မှာ ထည့်ထားတဲ့ antivirus ဆော့ဖ်ဝဲရဲ့ configuration ကို ပြန်ပြီး စစ်ရပါမယ်။

၎။ Firefox ကို မပိတ်ခင်၊ Shutdown မချခင်မှာ History, Cookies တွေကို Clear လုပ်ပါ။

၅။ Firefox ရဲ့ extension တွေ ဒါမှမဟုတ် theme တွေမှာ ပြဿနာရှိလား ဆိုတာကို စစ်ဆေးပါ။ ဘာလို့လဲဆိုရင် Firefox ကို စဖွင့်ဖွင့်ချင်းမှာ extension အမြောက်အမြားကို loading လုပ်လို့ပါပဲ။ ပြဿနာ ရှိ၊ မရှိကို Firefox ကို safe mode နဲ့ဖွင့်ပြီး ရှာကြည့်နိုင်ပါတယ်။

၆။ ဒီအဆင့်ကတော့ Windows 7 သုံးသူများအတွက် ဖြစ်ပါတယ်။  Windows 7 မှာ startup တွေ နှေးနေလို့ရှိရင် အဲဒီပြဿနာကို fix လုပ်ပေးတဲ့ KB2505438 update ပါပါတယ်။ ဒါကြောင့် Windows 7 သုံးသူများ Windows Update လုပ်ပါ။

၇။ Firefox က chech for Add-on Updates ကို Turn Off လုပ်ပါ။

၈။ တကယ်လို့ install လုပ်ထားတဲ့ Add-on တွေထဲမှာ အောက်မှာ ဖော်ပြထားတဲ့ Add-on (၁၀) ခု ပါခဲ့သည် ဆိုပါစို့။ ဒါတွေကို ဖြုတ်ဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ Add-on တွေက Firefox ကို နှေးကွေးစေလို့ပါပဲ။

 

  • 1.FoxLingo – Translator/Dictionary
  • 2.Firebug
  • 3.AniWeather
  • 4.FlashGot
  • 5.FoxClocks
  • 6.FoxyTunes
  • 7.Video DownloadHelper
  • 8.FastestFox – Browser Faster
  • 9.Xmarks Sync
  • 10.SimilarWeb – Find the Best Sites on the Internet


၉။ Save and Exit မလုပ်ပါနဲ့။ ပြီးတော့ Tab တွေ အများကြီးလည်း မဖွင့်ပါနှင့်။

+++++++++++++++++++++++++++++

Source:blognotes.in

Post by မဟာရာဇာ အံစာတုံး

(https://anzartone.wordpress.com/)

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s