ဒီမနက်ခင်း


ဒီမနက်ခင်း

ဒီမနက်ခင်း

+++++++++++++++

မနက်ခင်း

ပြတင်းတံခါးကို တွန်းဖွင့်လိုက်ချိန်

အအိပ်မက်တဲ့ နေ

ရောက်မလာသေးပေ …

လေညှင်းတွေက

အလုအယက်

ငါ့ကို ဇွတ်တိုးဖက်ကြတယ် …

တိတ်ဆိတ်ဆဲ

ပတ်ဝန်းကျင်ကြားက

ငှက်ငယ်လေးတို့ရဲ့

တွန်ကျူးသံတွေဟာ

မနက်ခင်းရဲ့ဟန်ပန်

ခေါင်းလောင်းသံလေးတွေလား …

အမှောင်တွေ ကင်း

မိုးလင်းစ ကောင်းကင်အောက်မှာ

စံပယ်ဖြူတွေ ပွင့်လန်းနေကြတာ

နှစ်သက်၊ ကြည်နူးစရာပါ …

ဒီမနက်ခင်းလေးထဲ

သစ်ရွက်လေးတွေလည်း ငြိမ်သက်

ရစ်ပတ်ဖို့လည်း မရည်စူး

ဒါပေမယ့်

ချစ်တတ်ရင်

မနက်ခင်းရဲ့ အလှဟာ

သိမ်းပိုက်ထားချင်စရာ …

ဒီမနက်ခင်း

အလင်းဖျော့ဖျော့ထဲ

ငါ့ရင်ထဲမှာလည်း

မင်းပုံရိပ်တွေနဲ့

လှုပ်ခတ်လာခဲ့တယ် ချစ်သူ ….. ။

မောင်ရွာ

(သူမ မဖတ်ခဲ့သော ကဗျာများ)

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s