မုဒိတာ


မုဒိတာ ………။

 

ငြိမ်းချမ်းကြစေကွယ်
အသိန်းအသန်းမကတဲ့
စိမ်းလန်းလှတဲ့ သစ်ပင်တွေ
အနှောက်အယှက် ကင်းကင်းနဲ့
ရှင်သန် ကြီးထွားနိုင်ကြစေ ။

လှပကြစေကွယ်
ရသမျှအချိန်အတွင်း
အစွမ်းကုန် ပွင့်လန်းနေကြတဲ့
ရောင်စုံပန်းပွင့်လေးတွေ
ခြွေသူလက်နဲ့
မရက်စက်နိုင်ကြစေ ။

ပျော်ရွင်ကြစေကွယ်
ဟိုး အမြင့် သစ်ကိုင်းထက်က
ကြည်နူးနေတဲ့ ငှက်နှစ်ကောင်
လေးခွင်းသူတို့ဘေးက
ထာဝရ ကင်းဝေးနိုင်ကြစေ ။

မေ့ပျောက်နိုင်စေကွယ်
ယိုင်လဲခဲ့ အချစ်တစ်ခု
ငါ့ရင်ကို ရူးစေခဲ့လည်း
ချစ်သူရေ …
မင်းဘဝ၊ မင်းကကြိုးမှာ
ငါ့ အငြိုးတွေ
မပါပါဘူး
မင်း မျက်ဝန်းလဲ့ဆီမှာ
အပြုံးတွေသာ
ထာဝရ ခိုနားနိုင်ပါစေ …. ။    ။

by – မောင်ရွာ

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s