ငိုပရဇီ …………။


++++++++++++++++++++++++++++++++++++

ငိုပရဇီ .... by - Shwe Ei

ငိုပရဇီ …. by – Shwe Ei

++++++++++++++++++++++++++++++++++++

လမင်းကြီးကိုလည်း သတိရတယ် …

ချောင်းနံဘေးက ရေဆင်းတံတားကိုလည်း သတိရတယ် …

မီးမရှိတဲ့ ရွာလယ်လမ်းမှာ ပိုးစုန်းကြူးတွေ လိုက်ဖမ်းချင်တယ် …

ကျွဲတွေဆိုတဲ့ သီချင်းသံလောက် နားထောင်ကောင်းတာ ရှိပါအုံးမလား …

လမုတောထဲက ပိုးစုန်းကြူးတွေ အသီးသီးသလို ကပ်နေတဲ့ ချောင်းစပ်မှာ မေးတင်နေတဲ့ မိကျောင်းတစ်ကောင်ကိုရော မလွမ်းရတော့ဘူးလား …

လင်းဆွဲတွေနေတဲ့  ဥယျာဉ်ထဲက အုန်းပင်ကြီးကရော နန်းတော်တခုပဲ မဟုတ်လားဗျာ …

ဒီရေတက်တိုင်း မြင်ရတဲ့ ကနကုတ်မြွေတွေနဲ့ ဂဏန်းတွေ ပုဇွန်လုံးတွေ ပြေးတမ်းလိုက်တမ်း ဆော့ကျတာရော ကဗျာမဟုတ်ဖူးလို့ ပြောဦးမလို့လား …

ဓနိတောထဲမှာ လှေဦးထိုးပြီး ချောင်းနံဘေးက ရေကပြင်မှာ ခြေဆင်းထားနေရတာ ဘဝရဲ့အရသာပါလို့ ပြောရင် ယုံကြပါ့မလားနော် …

ဆားငံရေနဲ့ပြည့်နေတဲ့ ရေတက်ချိန်မှာ ချောင်းထဲ ခုန်ဆင်းရလို့လည်း အင်္ကျီ ဆားပေါက်မလားလို့ တွေးမကြောက်မိပါဘူး …

ရွာလယ်က ကန်ရေလောက် သန့်ရှင်းချိုမြတဲ့ရေ ဘယ်မှာ ရှိနိုင်မှာတဲ့တုန်း …

ကြာပွင့်ချိန်ဆို ပိုလို့တောင် လွမ်းမိသေးတော့ ညသန်းခေါင်ကျော်မှ သောက်ရေခပ်ကျတဲ့ ဓလေ့ကိုလေ …

အော် ပျော်ရာမှာမနေ တော်ရာမှာနေရတဲ့ ဘဝတွေ မွန်းကြပ်လိုက်တာ …

ငိုပရဇီ …………။

++++++++++++++++++++++++++++++++++++

by – Shwe Ei

++++++++++++++++++++++++++++++++++++

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s