“ မှားပြီးရင်း မှား ”


+++++++++++++++++++++++++++++++++

မှားပြီးရင်း မှား ... by Aye Myat Mon

+++++++++++++++++++++++++++++++++

တားမရတဲ့
နှလုံးသားဆိုတဲ့ ဒင်းကြောင့်
ငါ့မာနတွေ ရိုက်ချိုးခံရ
ငါ့သိက္ခာတွေ လဲဖြိုခံရ
ငါ့အရည်အချင်းတွေ အထင်သေးခံရ
တစ်စတစ်စနဲ့
ခပ်ဟဟတောင် မပြုံးချင်တော့ဘူး……..။

+++++++++++++++++++++++++++++++++

မှားခဲ့တာ..
တကယ်တော့ ငါမှားခဲ့တာ..

ပကာသနနဲ့ ပြည့်စုံတဲ့ နင့်ကို
လူတော်စာရင်းထဲပါတဲ့ နင့်ကို
အများကအားကျတဲ့ နင့်ကို
သမီးရှင်တွေ ၀ိုင်းနေတဲ့ နင့်ကို
ပြောရရင်…
ဘာပြစ်ချက်မှ မရှိဘူးလို့
ထင်နေကြတဲ့ နင့်ကို…

ချစ်မိခဲ့တာလည်း မှားတယ်..
ရူးမိခဲ့တာလည်း မှားတယ်…
ဂရုစိုက်မိခဲ့တာလည်း မှားတယ်..

အမှားဆုံးကတော့…
အချစ်ကို အပြစ်လို့ မမြင်ခဲ့တဲ့
ပတ်ဝန်းကျင်ကို ထီမထင်လုပ်ခဲ့တဲ့
ခပ်ပိန်းပိန်း ငါ့ဦးနှောက်ကြီးပဲ…

နင့်နာမည်ကို ကြားတာနဲ့
ပကာသနကို ပြေးမြင်သူကမြင်
နင့်မိဘပြည့်စုံမှုကို သတိရသူကရ
နင့်ပညာတွေကို တွေ့သူကတွေ့..
အဲဒီလူတွေကြား..
ငါ့အချစ်တွေလည်း ဖုံးသွားခဲ့ပေါ့…

ရယ်ချင်လိုက်တာ…
ငါဆိုတဲ့ မိန်းမက
အဲ့ဒါတွေကို မက်သတဲ့လား…

တားမရတဲ့
နှလုံးသားဆိုတဲ့ ဒင်းကြောင့်
ငါ့မာနတွေ ရိုက်ချိုးခံရ
ငါ့သိက္ခာတွေ လဲဖြိုခံရ
ငါ့အရည်အချင်းတွေ အထင်သေးခံရ
တစ်စတစ်စနဲ့
ခပ်ဟဟတောင် မပြုံးချင်တော့ဘူး…

ငါ့အချစ်မှာ
ဘာတပ်မက်မှုမှ မရှိဘူး..
ရအောင်မကြိုးစားတာ
အစကတည်းက မလိုချင်လို့
နင်ကတော့ မြင်နိုင်ကောင်းရဲ့…

မရလို့ ပြောတာပါတဲ့..
မက်မောတတ်တဲ့ ပတ်ဝန်းကျင်
တကယ်ကို ဟားတိုက်လိုက်ချင်တယ်..
နင့်မိဘပေးသမျှ
ငါ့အစွမ်းအစနဲ့ အကုန်ရတယ်..
မတွေ့ကြတာ အံ့သြပါရဲ့…

မာနကြီးတယ်..
မာန်တက်တယ်..
ဘ၀င်မြင့်တယ်..
ပြောချင်တာပြောကြပါတော့..
အထင်သေးခံရတာထက်
အမြင်ကတ်ခံရတာ တော်မလားလို့…

တရားလည်းကျပါတယ်..
သံဝေဂလည်းရပါတယ်..
မိတ်ဆွေဆိုတာလည်း ကြောက်ပါတယ်..
နောက်ကျောက ဓားကြောင့်
ငါ့နှလုံးသားလည်း ဆတ်ဆတ်ခါလို့
အနာတောင် မကျက်ချင်သေးဘူး..

နေတတ်နေပါပြီ…
ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့..
တစ်နေ့တော့ ကြုံဦးမှာပါ..
ငါ့ကိုသာ ပြုံးပြနိုင်ကြပါစေ..။ ။

+++++++++++++++++++++++++++++++++
by – Aye Myat Mon

Source : https://mandalaygazette.com/166056/creative-writing

+++++++++++++++++++++++++++++++++

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s