မိအေး နှစ်ခါနာ


++++++++++++++++++++++++++++++++

မိအေး နှစ်ခါနာ ......။

မိအေး နှစ်ခါနာ ……။

++++++++++++++++++++++++++++++++

အဖြူလို့ သမုတ်ထားပေမယ့်
ခပ်နွမ်းနွမ်းရယ်ပါ …

အပြာရောင် မသန်းနိုင်တော့တဲ့
ကောင်းကင်ရဲ့ ဇာတ်လမ်းကလည်း
မိုးတိမ်တွေနဲ့ပဲ တစ်ခန်းရပ်ခဲ့ …

ဒါကိုပဲ ပြောကြတယ်
မိုးတွင်း မို့လို့ … တဲ့ ……။

စိမ်းလဲ့လဲ့ သစ်ရွက်က
ချစ်ခြင်းရဲ့ နိမိတ်ပါဆိုရင်
ကျုပ်ရင်ထဲ ဝင်ကြည့်လှည့်
ရော်ရွက်ဝါတွေက
ပျူငှာစွာ ကြိုဆိုနေပါလိမ့်မယ် …

စိတ်တိုတိုနဲ့
ခဲတစ်လုံး ကောက်ကိုင်ပြီး
အဝေးကြီး ပစ်ချလိုက်တယ် …

ဆုတစ်ခုတော့
တောင်းလိုက်မိရဲ့
ကျုပ်ရဲ့ ကြေကွဲမှုတွေ
အဲဒီ ခဲနောက် ပါသွားပါစေ …

ဒေါက်ခနဲ ပြန်ကျ
ကိုယ်ပစ်တဲ့ ခဲ
ကိုယ့်ခေါင်းကို ပြန်ထိကာမှ
အသိတစ်ခုရ
ပေါက်ကွဲမှုတိုင်းဟာ
ကိုယ့်ဆီကို ပြန်ရောက်လာတဲ့အခါ
မိအေး နှစ်ခါနာ ဖြစ်ရပါလား ………….. ။

++++++++++++++++++++++++++++++++

by – မောင်ရွာ

++++++++++++++++++++++++++++++++

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s