ရေးမိရေးရာ ကျုပ်ရဲ့ကဗျာ


++++++++++++++++++++++++++++++++++++++

boy

++++++++++++++++++++++++++++++++++++++

ဖျာစုတ်လေးပေါ်မှာ ထိန်ထိန်သာနေတဲ့ လမင်းကို ကြည့်ရင်းနဲ့

ထမင်းရေ ခပ်ကြဲကြဲကို ဘယ်သူတွေကများ

ဘယ်နှစ်ရက်၊ ဘယ်နှစ်လ သောက်နိုင်ကြမှာမို့လို့လဲ ….

ဒါပေမယ့် … “အချစ်” နဲ့ ဝေးရတဲ့ ဘဝကတော့ဖြင့် မနှစ်သက်စရာ ….

++++++++++++++++++++++++++++++++++++++

အတွေးတွေ တောင်လို ပုံနေတယ် …

စောင်ခြုံပြီး အိပ်တာလည်း မရဘူး …

ခဏ ခဏ ပြန်ပြန် နိုးတယ် …

တကယ် … တကယ် …။

လူအများစုရဲ့ ဘဝမှာလို့ ထင်ပါတယ် ….

တစ်ခါတစ်ခါ မီးစင်ကြည့် ကပြရတဲ့ အခါတွေလည်း ရှိတယ် …

ဒါပေမယ့် ….

ဘဝ တစ်ခုလုံးနဲ့ သက်ဆိုင်လောက်တဲ့ အဖြစ်မျိုးမှာတော့ …

မီးစင်ကြည့် ကရမယ့် အဖြစ်ဟာ မလွယ်ရေးချ မလွယ် ….။

“အချစ်” ဆိုတာ တစ်ခုတည်းနဲ့လည်း

ဘဝ တစ်ခုကို တည်ဆောက်လို့ မရဘူးဆိုတာလည်း မှန်နိုင်လောက်ပါတယ် …

ဖျာစုတ်လေးပေါ်မှာ ထိန်ထိန်သာနေတဲ့ လမင်းကို ကြည့်ရင်းနဲ့

ထမင်းရေ ခပ်ကြဲကြဲကို ဘယ်သူတွေကများ

ဘယ်နှစ်ရက်၊ ဘယ်နှစ်လ သောက်နိုင်ကြမှာမို့လို့လဲ ….

ဒါပေမယ့် … “အချစ်” နဲ့ ဝေးရတဲ့ ဘဝကတော့ဖြင့် မနှစ်သက်စရာ ….။

ရေစုန်ကို မျှောလိုက်တာ မဟုတ်ဘူး ….

ငါ …. ဆိုတဲ့ မာန်မာန မပါဘူး …

အတိုင်းထက်အလွန် ဝမ်းမြောက်ခြင်းတွေလည်း မပါဘူး ….

ပါဠိလို ပြောရရင် ….

“ယောနိသော မနသိကာရ” လို့ စာလုံးပေါင်းနိုင်လေမလားပဲ ….

ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အလိုက်သင့်လေးပဲ

နှလုံးသွင်း နေထိုင်လိုက်တာပေါ့ ….

ဒါပေမယ့် .. ကျင့်သုံးဖို့တော့ တကယ်တမ်း ခက်တယ် ……

တကယ် … တကယ် …..။

++++++++++++++++++++++++++++++++++++++

by – မဟာရာဇာ အံစာတုံး

++++++++++++++++++++++++++++++++++++++

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s