ဒီတစ်ဆုလောက် ပါပဲ ….။


+++++++++++++++++++++++++++++++++

just one

+++++++++++++++++++++++++++++++++

ငယ်ငယ်က အလှူခံဌာနတစ်ခုမှာ
ငွေငါးကျပ်လှူတော့
နိဗ္ဗာန်ဆော် ဘွားဘွားက
လော်စပီကာကြီးနဲ့
အခုလို ဆု ပေးခဲ့ဖူးတယ် …

‘စိတ်သွားတိုင်း ကိုယ်ပါ
လိုရာဆန္ဒတွေနဲ့
တစ်လုံးတစ်ဝတည်း
ပြည့်စုံနိုင်ပါစေ’ … တဲ့

သူမရဲ့ အနားမှာပဲ
ကျွန်တော့်စိတ်တွေ
အမြဲ ရှိနေခဲ့တာပါ …

စိတ်သွားတိုင်းတော့
ကိုယ် မပါပါရစေနဲ့ဗျာ
ကျန်တဲ့ အချိန်တွေမှာ
သူမရဲ့ဘေးနား ကျွန်တော်ရှိနေတာဟာ
ပြဿနာ မရှိနိုင်ပေမယ့်
အချိန်မတော် သန်းခေါင်ကျော်
သူမရဲ့ ဘေးနား
တကယ် ရောက်သွားမှဖြင့်
ခက်ကုန်ပါလိမ့်မယ် …

လိုအင်ဆန္ဒတွေကတော့
အကုန်လုံးမပြည့်ချင် နေပါစေ
သူမက ‘ချစ်တယ်’ ဆိုရင်ပဲ
လုံလောက်နေပါပြီ
အခြားဆန္ဒတွေက
ဒီလောက် အရေးမပါလှပါဘူး …

သူ့ကို
ရူးလောက်အောင် ချစ်နေမိသူတစ်ယောက်
ဟောဒီ မိုးကောင်းကင်ကြီးအောက်မှာ
ရှိနေတယ်ဆိုတာ
သူမကို သိစေချင်တာပါ …

တကယ်ပါ
ဒီဆုလေးတစ်ခုတော့ ပြည့်စေချင်တယ်ဗျာ ….. ။

+++++++++++++++++++++++++++++++++

by – မောင်ရွာ
(နှလုံးသား စာစဉ်များ)

+++++++++++++++++++++++++++++++++

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s