သက်ရောက်မှု …..။


+++++++++++++++++++++++++++++++++

miss-you

+++++++++++++++++++++++++++++++++

ပြန်ပြောရရင်
သံယောဇဉ် ဆိုတာကလည်း
ရုန်းထွက်လို့မရအောင်
ရစ်ပတ် ချည်နှောင်ထားခဲ့တယ်
အချိန်တိုင်း
အတွေးတွေထဲမှာလည်း
သူအမြဲ ရှိနေခဲ့တယ် …

+++++++++++++++++++++++++++++++++

ရင်ထဲမှာ ဖြစ်တည်လာတဲ့
အချစ်ဆိုတဲ့ အရာဟာ
အဲဒီ ရင်ထဲမှာပဲ
သိမ်းဆည်းထားလို့ မရတော့လည်း
အခက်သား
ရှက်များ ရှက်မိပါရဲ့
သူမကို ဖွင့်ပြောခဲ့တဲ့
အချိန်တုန်းကပေါ့ …

အရာရာတိုင်းဟာ
ထင်တိုင်း လှနေကြတယ်
ရွှင်လန်း ကခုန်နေတဲ့
နှလုံးသားဟာ
သူမ အချစ်တွေကို
စတင် ရရှိခဲ့ချိန်ကပါ …

ရင်ခုန် ကြည်နူးရတဲ့အခိုက်
နာရီတွေ ရပ်လိုက်စေချင်ရဲ့
သူမ စကား
သံစဉ်ချိုချိုလေးတွေကြား
ငါ့ နှလုံးသား
လွင့်ပျံတက်သွားခဲ့တယ် …

သူမရဲ့ စွဲမက်ဖွယ်
ပြုံးဟန်လေးတွေထဲ
နှလုံးသားလည်း
ယိမ်းယိုင်သွားခဲ့တယ် …

သူ ပျော်မယ်ဆို
ဆန္ဒတွေကို ဘေးဖယ်လို့
သူ့ အကြိုက်ပဲ
လိုက်လုပ်တတ်ခဲ့ပါတယ် …

ပြန်ပြောရရင်
သံယောဇဉ် ဆိုတာကလည်း
ရုန်းထွက်လို့မရအောင်
ရစ်ပတ် ချည်နှောင်ထားခဲ့တယ်
အချိန်တိုင်း
အတွေးတွေထဲမှာလည်း
သူအမြဲ ရှိနေခဲ့တယ် …

ဘယ်သူတွေ
ဘယ်လောက်လှလှ
သူ့တစ်ယောက်က လွဲပြီး
တစ်ဦး၊ တစ်ယောက်ကိုမှ
မရစ်ပတ်၊ မချစ်တတ်ခဲ့တာပါ …

အပျော်ဆိုတာ
ကော်လို ကပ်ထားလို့ရရင်
နှလုံးသား အနားမှာ
အမြဲတပ်ထားလိုက်ချင်ပါတယ်
ဒါပေမယ့်လေ
နေမထွက်ခင်
အလုအယက် ကျဆင်းနေတဲ့
မြူနှင်းမှုန်လေးတွေလိုပါပဲ …

ဒိုင်ယာရီ စာအုပ်လေးထဲ
ရေးဆွဲထားတဲ့
အချစ်ပန်းချီကားလေးဟာ
အချိန်ကာလရဲ့ တိုက်စားမှုနဲ့အတူ
တဖြည်းဖြည်းနဲ့
အရောင်တွေ လွင့်ပြယ်လာခဲ့တယ် …

နောက်ဆုံးတော့လည်း
အချစ်ပြီးတော့ အမုန်း
အဲဒီ အမုန်းရဲ့နောက်
တကောက်ကောက် လိုက်လာတဲ့
အရှုံးဆိုတဲ့ အရာဟာ
နှလုံးသားကို
အပြုံးများနဲ့ ကင်းကွာစေခဲ့တယ် …………. ။

+++++++++++++++++++++++++++++++++

by – မောင်ရွာ
(သူမ မဖတ်ခဲ့သော ကဗျာများ)

+++++++++++++++++++++++++++++++++

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s