သိစေချင်ရုံပါ …..။


+++++++++++++++++++++++++++++++++++++

a-boys-wish

+++++++++++++++++++++++++++++++++++++

သူ ဘယ်လို
ငြင်းဆန်နေပေမယ့်လို့လည်း …
တိတ်တခိုး မျှော်လင့်ချက်များနဲ့ပဲ
ရှင်သန်နေဆဲ ….

+++++++++++++++++++++++++++++++++++++

ဘဝမှာ
ဒီလို ရူးသွပ်မိတာမျိုး မရှိခဲ့ဖူးဘူး ….

ဘဝမှာ
သူ့လောက် တစ်ဦးတစ်ယောက်ကိုမှ
မစွဲလန်းခဲ့ဖူးပါဘူး …

ဘဝမှာ
သူနဲ့ ပတ်သက်လို့
အနာဂါတ် အိပ်မက်တွေကို
စိတ်ကူးတွေနဲ့အတူ
တူးဖောက်လို့ ကြည့်နေတတ်ပြန်တယ် …

သူ့အနား ရှိနေရတဲ့
အခိုက်အတန့်များဟာလည်း
ဘဝမှာ
အနှစ်သက်မိဆုံးသော
အချိန်ကာလများပါပဲ …

သူ့အပြုံး၊
သူ့ရယ်သံများဟာလည်း
နှလုံးသား တစ်ခုလုံး
လွှမ်းခြုံထားနိုင်တယ် …

သူ ဘယ်လို
ငြင်းဆန်နေပေမယ့်လို့လည်း …
တိတ်တခိုး မျှော်လင့်ချက်များနဲ့ပဲ
ရှင်သန်နေဆဲ ….

အကယ်၍များ
အရေးမပါသူ အဖြစ်
ဆက်ဖြစ်သွားခဲ့မယ် ဆိုရင်တောင်မှ
သူ့ကို
တားမနိုင် ဆီးလို့မရ အချစ်များနဲ့မှ
မထင်မှတ်ပါဘဲ
ချစ်ခဲ့မိသူ၊
စွဲလန်းမိသူ၊
မျှော်လင့်ရင်း ရူးခဲ့မိသူတစ်ယောက် …
ဟောဒီ …… တစ်မိုးရဲ့အောက် ….
ပေါက်ဖွားခဲ့ဖူးတယ် ဆိုတာ ……………………။

+++++++++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
+++++++++++++++++++++++++++++++++++++

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s