မင်း … လိုက်ခဲ့ဦး


+++++++++++++++++++++++++++++++++++++

falling-leaves

+++++++++++++++++++++++++++++++++++++

လွမ်းတတ်သူ တစ်ယောက်အတွက်
အလွမ်းတေးတစ်ပုဒ်လို ….
ကဗျာဆရာ တစ်ယောက်အတွက်
ကဗျာတစ်ပုဒ်လို …
သန့်ရှင်းရေးသမား တစ်ယောက် အတွက်
စိတ်ပျက်ဖွယ်ရာလို ….
ရဟန်း တစ်ပါး အတွက်ဆို
တရား ရစရာလို ……
လို ….. လို ….. လို …. လို ………

+++++++++++++++++++++++++++++++++++++


ရွက်ဟောင်းတို့ ကြွေနေလေပြီ …….။
အပင်ထက်ဆီကို မော့ကြည့်မိတော့
ကြွေလုဆဲ ရွက်ဝါအချို့ရယ်၊
ထွက်ကာစ ရွက်နုလေးတို့ရယ်၊
ပြီးတော့ ရိုးတံညှာတွေရယ် …….။
ပင်အောက်မှာလည်း
ရော်ရွက်ဝါတွေက အစီအရီ …။
ဒီမြင်ကွင်းက …..

လွမ်းတတ်သူ တစ်ယောက်အတွက်
အလွမ်းတေးတစ်ပုဒ်လို ….
ကဗျာဆရာ တစ်ယောက်အတွက်
ကဗျာတစ်ပုဒ်လို …
သန့်ရှင်းရေးသမား တစ်ယောက် အတွက်
စိတ်ပျက်ဖွယ်ရာလို ….
ရဟန်း တစ်ပါး အတွက်ဆို
တရား ရစရာလို ……
လို ….. လို ….. လို …. လို ………

ဘာပဲဖြစ်ဖြစ်ပါ …….
အသစ်တွေ လာဖို့အတွက်
အဟောင်းတွေ ကြွေလွင့် ပေးရခြင်း သဘောတရားပါပဲ …
ဒါ ….. သဘာဝ တရား တစ်ခုပါပဲ …..
ဒီသဘောတရားကို လွန်ဆန်မယ် ဆိုရင်တော့ …….
အင်းးးးးး မကောင်းဘူးပေါ့ …….

ထိုင်ပြီးရင် မထချင်ဘူး ဆိုပေမယ့်လို့လည်း …
ကြာကြာထိုင်ရင် ဖင်ပူတယ် …..
အညောင်းမိမယ် …..
ဆိုးကျိုးတွေက အားကြီးပဲ ……။

အဟမ်းး ဟမ်းး
ဆိုလိုချင်တာကတော့ ……
နောက်လူတွေ လာပြီ ….
ရှေ့လူတွေ ဖယ်ပေးဂျဘာ .. ငွင်းး ငွင်းးး
နောက်တာပါ .. အတည်ပါ .. မဟုတ်ပါဘူး .. တကယ်ပါ …
(C/D to အရီးလတ် @ မန်းဂဇက်ပါ)

ဘာပဲဖြစ်ဖြစ်ပါလေ ….
ဒီလို ရော်ရွက်ဝါတွေ ကြွေလွင့်၊
ရိုးတံသာ ကျန်တော့တဲ့ အပင်တစ်ပင် …
ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ အခါ …
တွေးလိုက်မိတယ် …
ငြင်းမရဘူး .. တစ်နေ့တော့ ကြွေလွင့်မှာပဲ ……
ဒါ … လောက ဓမ္မတာပဲ …….

ပြီးတော့ ..
ဒါ တရားပြနေတာပဲ …….
အသေ မဦးခင် ဥာဏ်ဦးအောင် လုပ်မှ တော်ရော့မယ် …
ကျုပ်လည်း တောထွက်တော့မယ် ……

ဒါမယ့် .. သရဲ ကြောက်တယ် …
“…..
ကိုကိုအံ ကို တစ္ဆေ ကိုက်လိမ့်မယ်ကွယ် …
ချစ်ခလေး ..
မင်း လိုက်ခဲ့ဦးကွယ်
…….”
…………………………။
+++++++++++++++++++++++++++++++
{
ပျင်းပျင်းနဲ့ ……
ရေးမိ ရေးရာ လျောက်ရေးလိုက်တာ ဖြစ်ပါကြောင်း ….။
}

+++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
+++++++++++++++++++++++++++++++

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s