Love U …..


=========================

=========================

မှန်တာတွေ မဖုံးကွယ်ခဲ့ဘူး
အရှိန်မြန်လွန်းတဲ့ နှလုံးသားလို့လည်း ဆိုချင်ဆို
လွယ်လွယ်လေးနဲ့ ကိုယ့်ရင်ကို ဖွင့်ဟခဲ့ခြင်းမှာ
ပေါ့ပျက်ပျက်တွေ ပါမနေခဲ့ပါဘူး …..။

ဒွိဟ ဆိုတာ ရှိမနေခဲ့ဘူး
အတိအကျ ဖွင့်ဟခဲ့တယ်
ဟုတ်တယ်
“မင်းကို ငါ အရမ်းချစ်တယ်” …..။

ပိုင်ဆိုင်ချင်တာလည်း
ဟုတ်ကောင်းဟုတ်လိမ့်မယ်
အချိန်တိုင်း အတွေးတွေထဲမှာ အမြဲရှိနေတတ်တယ်
ဘေးနားမှာလည်း အချိန်တိုင်း ရှိနေချင်တယ်
တကယ့် ရင်ထဲက ဆန္ဒဟာ
“သူနဲ့အတူ” ဆိုတဲ့ စကားလုံးများပါပဲ …..။

အနားကို တိုးဝင်ခဲ့တယ်
သူ့အပြုံးတွေဟာ ရင်ကို အေးမြစေတယ်
သူ့ရယ်သံများဟာ ရင်ကို တုန်ခါစေတယ်
သူ့လှုပ်ရှားဟန်ပန်များဟာ
အချစ်များစွာကို ပိုလို့သာ တိုးစေခဲ့တယ် …..။

ဖြစ်တယ်၊ ပျက်တယ်
လောက ဓမ္မတာအလယ်
တဝဲလည်လည် နေရင်းက
ဆုံဆည်းခဲ့ရ တစ်ခဏဟာ
ကြိုးများစွာနဲ့ ရင်ကို လာရစ်ခဲ့တယ် …..။

ချည်ခဲ့တယ်၊ နှောင်ခဲ့တယ်
စွဲလန်းမှုများစွာနဲ့ပဲ
အိပ်မရတဲ့ည လှပတာတွေလည်း ရှိခဲ့တယ်
စိတ်တွေ ညစ်ထေးလို့
အခါခါ ရင်ကို နင့်စေတာတွေလည်း ရှိခဲ့တယ် …..။

ဒီလိုနဲ့ …..
သူနဲ့ ပတ်သက်လာသမျှ
ဟိုး ….. သေးသေးလေးက အစ
ရင်ကို ဟ စေတတ်ခဲ့တယ် …..။

ဘယ်လိုပဲဖြစ်ဖြစ်
မင်းကို ငါ အရမ်းချစ်တယ် …..။

=========================
By – မဟာရာဇာ အံစာတုံး
=========================

One thought on “Love U …..

  1. Like!!!!

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s