USB တွေမှာ Read Only Protection ဖြစ်နေရင် ဖြေရှင်းနည်း


USB တွေမှာ Read Only Protection ဖြစ်နေရင် ဖြေရှင်းနည်း

================================

Memory Card ဒါမှမဟုတ် Memory Stick စတာတွေရဲ့ ပြဿနာ တစ်ရပ် ဖြစ်တဲ့ ဒေတာထည့်တဲ့အခါ Write-protection ဖြစ်တတ်တာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ် …။

  •  ၁။ ဒီလိုမျိုး Write-protection ဖြစ်ရတာဟာ အချို့သော card တွေမှာ ပါတတ်တဲ့ Lock ကီးလေးကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့် ကတ်မှာ Lock လုပ်ထားတာ ပါသလား၊ ဖွင့်ထားသလားဆိုတာ အရင်စစ်ရပါတယ်။ Lock ပိတ်ထားရင် ဖွင့်လိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။

  •  ၂။ ဒီလို ဖြစ်ရတာဟာ Virus ကိုက်သွားလို့လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ Virus ကိုက်တဲ့အတွက်ကြောင့် ဒီလို ဖြစ်ရတာဆိုရင်တော့ Antivirus ဆော့ဖ်ဝဲတစ်ခုနဲ့ ကိုယ့် Drive ကို Scan ဖတ်သင့်ပါတယ်။ ဒီလင့်မှာတော့ Kaspersky virus removal tool ဆိုတာလေးကို အလကားဒေါင်းပြီး Drive ကို Scan ဖတ်နိုင်ပါတယ်။
  • ၃။ နောက်တစ်ချက်က Drive ရဲ့ permissions ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကို စစ်ဖို့အတွက် Windows Key + E ကို နှိပ်လိုက်ပါ။ ဒီအခါ Windows Explorer ကို ရောက်သွားပါလိမ့်မယ်။ ဒီအခါ ကိုယ့်ရဲ့ Drive ပေါ်ကို Right-Click ထောက်၊ Properties ကို သွားပါ။
  • Security ကို သွားပါ။ user name အောက်မှာ user ကို ရွေးလိုက်ပါ။ ပြီးရင် Edit ကို နှိပ်လိုက်ပါ။
  • အဲ့ဒီမှာ Full နဲ့ Write ဆိုတာကို တွေ့ပါလိမ့်မယ်။ Full ကိုပဲ ရွေးချယ်ပေးလိုက်ပေါ့ဗျာ။
  •  ၄။ နောက်တစ်နည်းကတော့ Registry နဲ့ ဖြေရှင်းနည်းပါ။
  • (များသောအားဖြင့် USB အသုံးပြုရတဲ့ အများသုံး ကွန်ပျူတာတွေမှာ ဒီလိုမျိုး ပိတ်ထားတာတွေ ရှိတတ်ပါတယ်။)
  • ဒီလို ဖြေရှင်းဖို့အတွက် ပထမဆုံး (Windows Key + R) ဒါမှမဟုတ် Start -> Run ကို သွားပါ။ အဲ့ဒီမှာ regedit ဆိုတာကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ဒီအခါ Registry ပေါ်လာပါလိမ့်မယ်။
  • HKEY_LOCAL_MACHINE ဆိုတာရဲ့ ရှေ့က အပေါင်းလေးကို နှိပ်လိုက်ပါ။ ထပ်ပွင့်လာတဲ့ ထဲက SYSTEM ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ပြီးရင် Current Control Set ကို သွားပါ။ Control ကို သွားပါ။ အဲ့ဒီထဲမှာ StorageDevicePolicies ဆိုတာကို ရှာကြည့်လိုက်ပါ။
  • အကယ်၍ တွေ့ခဲ့ရင် နှိပ်လိုက်ပါ။ ညာဖက် အခြမ်းကို ကြည့်ပါ။ WriteProtect ဆိုတဲ့ အပေါ်မှာ ကလစ်နှစ်ချက် နှိပ်လိုက်ပါ။ ပေါ်လာတဲ့ထဲမှာ 0 သုည ကို ရိုက်ထည့်ပြီး OK လုပ်လိုက်ပါ။
  • ပြီးရင် Registry ကို ပိတ်လိုက်ပါ။ ကွန်ပျူတာကို Restart ချလိုက်ပါ။
  • { အကယ်၍ StorageDevicePolicies ဆိုတာကို မတွေ့ခဲ့ရင် ဖန်တီးယူရပါမယ်
  •  ဒီလို ဖန်တီးဖို့အတွက် အထက်က အဆင့်ထဲမှာ Control ဆိုတဲ့ နေရာ ရောက်အောင် သွားလိုက်ပါ။
  • Control ပေါ်မှာ Right-Click ထောက်လိုက်ပါ။ ပြီးရင် New -> Key ကို နှိပ်လိုက်ပါ။
  •  နာမည်ကို StorageDevicePolicies ဆိုပြီး ပေးလိုက်ပါ။
  •  ဒီလို ဖန်တီးလို့ ပြီးသွားရင် အဲ့ဒီ StorageDevicePolicies ကို နှိပ်လိုက်ပါ။
  •  ပြီးရင် ညာဖက် အခြမ်းထဲမှာ Right-Click ထောက်၊ New -> DWORD ဆို ရွေးပါ။ နာမည်ကို WriteProtect လို့ ပေးလိုက်ပါ။ ဒါလေး ပြီးသွားတဲ့အခါ အဲ့ဒီ WriteProtect ကို ကလစ်နှစ်ချက် ခေါက်လိုက်ပါ။ ပေါ်လာတဲ့ထဲမှာ 0 သုည ပေးလိုက်ပါ။ ပြီးရင် အထက်ကလိုပဲ Restart ချလိုက်ပေါ့ဗျာ။ }
  • ၅။ နောက်တစ်နည်းကတော့ USB ကို low-level format ချရမယ့် နည်းလမ်းပါပဲ။ ဒီလို လုပ်ဖို့အတွက် အောက်က ဟာလေးကို သွားဒေါင်းလိုက်ပါ။
  • http://www.softpedia.com/get/System/Hard-Disk-Utils/HDD-Low-Level-Format-Tool.shtml
  • ဒါလေးနဲ့ USB ကို Format ချပါ။ ပြီးသွားရင် Partition တစ်ခု ဖန်တီးဖို့အတွက် …
  • Start -> Run ကို သွားပါ။ diskmgmt.msc ဆိုတာကို ရိုက်ပြီး Enter ခေါက်လိုက်ပါ။
  •  ဒီအခါ ပေါ်လာတဲ့ ထဲမှာ ကိုယ့် USB ရဲ့ Drive (E: , D: စသည်) ကို select လုပ်ပါ။
  • Right Click ထောက်ပြီး Format ကို နှိပ်လိုက်ပါ။ ပြီးရင် OK ကို နှိပ်လိုက်ပါ။
  •  ပြီးရင် USB ပြန်သုံးလို့ ရလာပါလိမ့်မယ် …။

အကယ်၍များ အထက်က နည်းတွေအတိုင်း လုပ်ကြည့်တာတောင်မှ
“The disk is write-protected.Remove the write-protection or use another drive”
ဆိုပြီး ထပ်ပေါ်နေသေးရင်တော့ ….
အလွယ်ကူဆုံး လျှို့ဝှက် နည်းလမ်းတစ်ခုတော့ ရှိပါတယ် …။
အဲ့ဒါကတော့ ……….
…………………………..
……………………………………
………………………………………
…………………………..
အဲ့ဒီ Memory Card, Stick ကို လွှင့်ပစ်ပြီး အသစ်ကလေးသာ ဝယ်လိုက်ပါလို့ …။😛😛😛

==================================
By – မဟာရာဇာ အံစာတုံး

(https://anzartone.wordpress.com/)
==================================

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s