ဒီနေ့ ဘလော့ဂ်ဒေး … တဲ့။


ဒီကနေ့ တနင်္ဂနွေနေ့ ဖြစ်တာနဲ့အညီ လူကလည်း နည်းနည်း အားနေတာနဲ့ အွန်လိုင်းပေါ် လမ်းသလားကြည့်မိပါတယ်။

အဲ့ဒီမှာ စတွေ့တာပဲ။

ဒီနေ့ ဘလော့ဂ်ဒေး … တဲ့

(အစကတော့ လူက အိပ်ချင်မူးတူးနဲ့ဆိုတော့ ဒီနေ့လို့ ရေးထည့်လိုက်တာ။ ပြီးမှ ဟုတ်ဘူးဘဲ။ မနေ့က ၃၁ ရက်နေ့ပါတဲ့။ အဲ့ဒါ … အဲ့ဒါ .. ပြန်လာပြောတာ။😛 )

ကျုပ်လည်း ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုကလိ၊ ဒီကလိ နဲ့ အွန်လိုင်းပေါ်သာ လျှောက်သွားနေတာ ဒီနေ့ ဘလော့ဂ်ဒေး ဆိုတာတောင် သိဘူးရယ်။ အဲ့ဒီလောက် တော်ဒါ … ဟီးးးး😀

ဘလော့ဂ်ဒေး ဆိုဒေါ့ Google မှာ blog day ဆိုပြီး ရိုက်ရှာကြည့်တာ မတွေ့ရဘူး။

မြန်မာဘလော့ဂ်ဂါတွေ ရေးထားလေတော့ မြန်မာဘလော့ဂ်ဒေးများလား မသိဘူး။ သိရင် ပြောကြပါဦး။

ဘာဖြစ်ဖြစ် သူများတွေ ဘလော့ဂ်ဒေး ဆိုတော့ ကျုပ်လည်း ဘလော့ဂ်ဒေး လိုက်တယ်။

ဟက်ပီး ဘလော့ဂ်ဒေး ………….။

ဘလော့ဂ်ဒေး မှာ ကျုပ် ဟိုအရင် ရေး .. အဲ .. မဖြစ်ညှစ်ကျယ် ဘာသာပြန်ထားတဲ့ ပို့စ်လေးတစ်ခုရဲ့ လင့်ခ်ကို ပြန်ညွှန်းချင်ပါတယ်။

ဒီမှာပါ။

Blog ရေးသားခြင်း၏ အကျိုးကျေးဇူးများ

ပြီးတော့ ၃၁ ရက်အတွင်း အကောင်းဆုံးသော ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်လေးကိုလည်း အမှတ်တရ အနေနဲ့ မျှဝေပေးလိုက်ပါတယ်။

31 Days to Build a Better Blog _ PDF Download

စကားစပ်တုန်း ထပ်ပြောရရင် Blog ရဲ့ သမိုင်းခရီးမှာ ပထမဦးဆုံးသော Blog ဟာဆိုရင် ကောလိပ်ကျောင်းသား ဘဝ Justin Hall ဆိုတဲ့ လူက ဖန်တီးခဲ့တဲ့ Links.Net ပါတဲ့။

အဲ့ဒီအချိန်က Blog ဆိုတဲ့ ဝေါဟာရကိုတောင်မှ မသုံးနှုန်းကြသေးပါဘူး။

Jusin Hall ကလည်း Blog ရယ်လို့ တည်ထောင်ခဲ့တာ မဟုတ်ဘဲနဲ့ သူ့ရဲ့ အွန်လိုင်းပေါ်က ကိုယ်ပိုင်စာမျက်နှာလေး ဆိုပြီး တည်ထောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ခုနှစ် သက္ကရာဇ်အားဖြင့်တော့ ၁၉၉၄ ဖြစ်ပါတယ်။ အဲ့ဒီကစလို့ ကမ္ဘာမှာ Blog ဆိုတာ စတင် ပေါ်ထွန်းလာခဲ့တယ်ပေါ့ဗျာ။

ကျုပ်ရဲ့ ဒီ “မဟာရာဇာ အံစာတုံး” ဆိုတဲ့ Blog ကို လာရောက် လည်ပတ် ဖတ်ရှုကြသူ အပေါင်းကိုလည်း ကျေးဇူးတင်ပါတယ်ဗျို့။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။

– မဟာရာဇာ အံစာတုံး

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s