Blog ဆိုသည်မှာ


whatisblog

————————-

Blog ဆိုတာကို ဒီလို အဓိပ္ပါယ် ဖွင့်ထားပါတယ်။

“A personal website or web page on which an individual records opinions, links to other sites, etc. on a regular basis.”

မြန်မာလို တတ်သလောက် ဘာသာပြန်ရရင်ဖြင့် –

“Blog ဆိုတာ ကိုယ်တိုင်ရေး စာ၊ အကြောင်းအရာတွေနဲ့ တစ်ပါးသော ဝက်ဘ်ဆိုက်တွေဆီမှာ တင်ပြထားတဲ့ အကြောင်းအရာ တစ်ခုရဲ့ လင့်ခ်တွေကို ပုံမှန်အနေအထား အားဖြင့် တင်ပြထားတဲ့ ဝက်ဘ်ဆိုက် (သို့မဟုတ်) အင်တာနက် စာမျက်နှာ တစ်ခုပဲ ဖြစ်ပါတယ်။”

————————-

blog

————————-

ကိုယ်တိုင်ရေး စာနဲ့ အကြောင်းအရာတွေကို ရေးသားနေကြတဲ့ Blog ရေးသားသူ (Blogger) တွေကို အင်တာနက် စာမျက်နှာပေါ်မှာ လွယ်လင့်တကူပဲ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

နောက်တစ်ခု အခြားတစ်ပါးသော Website တွေဆီက စာနဲ့ အကြောင်းအရာတွေကို Share ကြတဲ့ Blog တွေဟာလည်း မြောက်မြားစွာပါပဲ။

ဒီနေရာ Blog ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ထောက်ပြရရင် “တစ်ပါးသော ဝက်ဘ်ဆိုက်တွေဆီမှာ တင်ပြထားတဲ့ အကြောင်းအရာ တစ်ခုရဲ့ လင့်ခ်တွေကို” ဆိုပြီး တွေ့ရပါတယ်။ သူ့ရဲ့ ဆိုလိုချက်က Link တွေကို ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ အကုန် ကူးချပြီး ဝက်ဘ်ဆိုက် လင့်ခ် ကို ပြန်ညွှန်းခြင်း မဟုတ်ပါဘူး။ ဒီအချက်ဟာ ကျနော်များ မြန်မာ Blogger လောကမှာ လွှဲမှားစွာ မြင်တွေ့နေရတဲ့ အချက်တစ်ခုပါပဲ။

ကိုယ့်ရဲ့ Website/Blog တစ်ခုကို အစာသွပ်သွင်းဖို့အတွက် ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ရှာဖွေထားတဲ့ အကြောင်းအရာတွေကို ပိုမိုပြီး တင်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အခြားတစ်ပါးသော Website/Blog တွေဆီက အကြောင်းအရာတွေကို ပြန်လည် တင်ပြမယ် ဆိုရင်တော့ အမြည်းလေး နည်းနည်းနဲ့ Link ကိုသာ ဦးစားပေးပြီး ညွှန်းဆိုသင့်ပါတယ်။ ဒါမှသာ Blog ပီသပါလိမ့်မယ်။ Blogger တွေ ပီသလာပါလိမ့်မယ်။

လင့်ခ်ကို ပြန်ညွှန်းတာနဲ့ ပတ်သက်ပြီး ထပ်ပြောရရင် အချို့အချို့သော Blog များဟာ ဆိုရင် လင့်ခ်တောင်မှ ပြန်မညွှန်းဘဲနဲ့ ကိုယ်တိုင်ရေးထားသလိုလို ခပ်တည်တည် ယူသုံးထားကြတာတွေလည်း အများကြီး တွေ့ရတယ်။ ဒီအချက်က အတော် ဆိုးရွားလွန်းတဲ့ အချက်တစ်ခုပါပဲ။

——————————-

ပြီးတော့ Blog ဆိုတဲ့ စကားလုံးဟာဆိုရင် Weblog ကနေ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အချိန်ခုနှစ်အားဖြင့် 1990 ခုနှစ်တွေကစလို့ Weblog အစား Blog ဆိုပြီး အတိုးကောက် ခေါ်ဆိုခြင်းကနေစလို့ Blog ဆိုတာ ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ်။

Weblog ဆိုတဲ့ စကားလုံးကလည်း Web နဲ့ Log ဆိုတဲ့ စကားလုံး နှစ်လုံး ပေါင်းစပ်ခြင်းနဲ့ ဖြစ်လာခြင်း ဖြစ်ပါတယ်။

——————————-
Web – World Wide Web
Log – regular records of incidents
——————————-
Web+Log -> Weblog -> Blog
——————————-

————————-

weblog

————————-

Regular – ပုံမှန်တင်နေတဲ့ ဝက်ဘ်စာမျက်နှာတွေကို Weblog (or) Blog လို့ ခေါ်ကြတာပါ။ ဒီနေရာမှာ ထပ်ပြောရရင် ပုံမှန် မဟုတ်ဘဲ ပုံသေ ဖြစ်နေတဲ့ ဝက်ဘ် စာမျက်နှာ တွေကိုလည်း တွေ့ဖူးကြမှာပါ။ ဘာလို့ ပုံသေ ဖြစ်နေကြသလဲဆိုတော့ အသစ် တင်စရာ မလိုလို့ပါပဲ။ ၆ လမှာ တစ်ခါ၊ တစ်နှစ်မှာ တစ်ခါလောက်သာ အသစ် ပြောင်းလဲတတ်ကြတဲ့ ဝက်ဘ် စာမျက်နှာများလည်း အများကြီးပါပဲ။ ဒါကြောင့်မို့ ပုံမှန်အနေအထားဖြင့် (အနည်းဆုံး တစ်ပတ် တစ်ခါ၊ တစ်လ တစ်ခါ) ပို့စ် အသစ် တင်နေတဲ့ ဝက်ဘ်စာမျက်နှာ တွေကို Blog လို့ ခွဲခြား သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

  • တစ်ခါတစ်ခါမှသာ ပြောင်းလဲပြီး ပုံသေနီးပါး ဖြစ်နေတဲ့ ဝက်ဘ် စာမျက်နှာတွေကို Website လို့ ခေါ်လို့ ရနိုင်ပါတယ်။
  • အနည်းဆုံး တစ်ပတ်တစ်ခါ၊ တစ်လ တစ်ခါ ပို့စ်အသစ် တင်နေတဲ့ ဝက်ဘ် စာမျက်နှာတွေကိုတော့ Blog လို့ ခေါ်လို့ ရနိုင်ပါတယ်။

Free Blog တည်ဆောက်ခွင့် ပေးထားကြတဲ့ နေရာတွေမှာ Blog တည်ဆောက်ထားတိုင်းလည်း Blog လို့ ခေါ်လို့ မရနိုင်ပါဘူး။ ပုံမှန် မဟုတ်ဘဲ ပုံသေ ဖြစ်နေရင်တော့ အဲ့ဒါဟာ Blog အမည်ခံပဲ ရှိပါတယ်။ WordPress, Blogger မှာ တည်ဆောက် ထားတိုင်းလည်း Blog လို့ ခေါ်လို့ မရပါဘူး။ ပုံသေ ဖြစ်နေရင် အမည်ခံ Blog ပါပဲ။

——————————-

“ကျနော့်ရဲ့ Blog မှာ ဒါတွေ ဒါတွေ တင်ထားတယ်ဗျ” လို့ ပြောလိုက်ရင် ဘယ်လို နားလည်ရသလဲဆိုတော့ …

“အော် … ဒီကောင့် ဝက်ဘ် စာမျက်နှာမှာ ဒါတွေ ဒါတွေ အပြင် နောက်ထပ်လည်း အများကြီး တွေ့နိုင်သေးတယ်။ မှတ်ထားဖို့သင့်တယ်” ဆိုပြီး နားလည် နိုင်ပါလိမ့်မယ်။

“ကျနော့်ရဲ့ Website မှာ ဒါတွေဒါတွေ တင်ထားတယ်ဗျ” လို့ ပြောလိုက်ရင်တော့ …

“အော် … ဒီကောင့် ဝက်ဘ် စာမျက်နှာမှာ ဒါတွေဒါတွေ ရှိပါလား” .. ဒီလောက်ပဲ နားလည်နိုင်ပါလိမ့်မယ်။

ဒါကတော့ Blog နဲ့ Website အပေါ် နားလည်ပုံပါပဲ။

——————————-

အနှစ်ချုပ် အားဖြင့်တော့ ….

  • Blog ဆိုတာ ပုံမှန် ပို့စ်တွေ တင်ပေးနေတဲ့ နေရာတစ်ခု၊
  • Blog ဆိုတာ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ရှာဖွေပြီး ရေးသားထားတဲ့ အကြောင်းအရာတွေကို တင်ထားတဲ့ နေရာတစ်ခု၊
  • Blog ဆိုတာ သူတစ်ပါး နေရာက အကြောင်းအရာတွေကို အညွှန်းစာ အနည်းငယ်နှင့်တစ်ကွ သူ့ရဲ့ ခေါင်းစီးလင့်ခ် ကိုသာ ညွှန်းပြထားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတော့တယ်။

——————————-
By – မဟာရာဇာ အံစာတုံး
(https://anzartone.wordpress.com/)
——————————-

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s