Google ရဲ့ အကောင်းဆုံး Doodle Game (၃) ခု


တစ်ခါတစ်ခါ Google ကို ဖွင့်လိုက်တဲ့အခါ သူ့ရဲ့ လိုဂိုတွေ ပြောင်းနေတာမျိုး တွေ့ရတတ်ပါတယ်။ ဒီလိုဂို ကိုပဲ Doodle ရယ်လို့ ခေါ်ပါတယ်။

ဂူဂဲလ် ဟာဆိုရင် သူ့ရဲ့ ဒူဒဲလ် တွေကို အခါကြီး ရက်ကြီးများမှာ ပြောင်းလဲတတ်ပါတယ်။ ဒီလို ပြောင်းလဲတဲ့အထဲမှာ ဂိမ်းပုံစံမျိုး ထည့်သွင်းထားကြတာမျိုးတွေလည်း ရှိပါတယ်။ လှုပ်ရှားမှု သက်သက်ပဲ ထည့်သွင်းကြတာမျိုးလည်း ရှိပါတယ်။ တစ်ခါကဆိုရင် ဂစ်တာကြိုးလေးတွေနဲ့ ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီကြိုးလေးတွေကို မောက်လေးနဲ့ ဆွဲလိုက်ရင် ဂီတသံလေး ထွက်လာတယ်။ ဒါက နမူနာ ပြောတာပါ။

အခု ပြောမှာကတော့ ဒီလို ဂိမ်းပုံစံ ဒူဒဲလ် တွေထဲကမှ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ဂိမ်း (၃) ခုပါပဲ။

1. Doctor Who’s 50th Anniversary: Nov. 23

Doctor Who's 50th Anniversary

 

 

 

“Doctor Who” ဆိုတာ BBC က ထုတ်လွှင့်တဲ့ TV Program တစ်ခုပါပဲ။
အခုဟာက နှစ် ၅၀ ပြည့်အတွက် ပြုလုပ်ပေးထားတာလေးပါ။
ဒီဂိမ်းထဲမှာတော့ ဂူဂဲလ်ရဲ့ စာလုံးတွေကို ဒေါက်တာတွေကနေ တစ်လုံးချင်း လိုက်ရှာပေးရတာပါပဲ။
ဂိမ်းလေးက အမိုက်သား။

3. Qixi Festival/Chilseok: Feb. 14

Qixi Festival - Chilseok

Qixi Festival ဆိုတာက အာရှရဲ့ Valentine’s Day ပေါ့ဗျာ။
ခုနှစ်လမြောက်ရဲ့ ခုနှစ်ရက်နေ့မှာ ကျရောက်ပါသတဲ့။
ဒီနေ့ရက်ရဲ့ နောက်ကွယ်မှာလည်း လှပတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ရှိနေပါတယ်။
ဒါကတော့ …
သံလွင်ချောင်းခြား ဆိုသလိုပဲ ချစ်သူနှစ်ဦးရဲ့ကြားမှာ ဧရာမ မြစ်ကြီးတစ်စင်းက ခြားလို့ သွားခဲ့ပါတယ်။
ဒါကြောင့်မို့ ချစ်သူနှစ်ယောက်ဟာ ကွေကွင်းနေရတယ်ပေါ့။
ဒါကို ငှက်လေးတွေက သူတို့နှစ်ယောက်အတွက် တံတားထိုးပေးခဲ့တယ်။
ဒါနဲ့ပဲ သူတို့ ပြန်တွေ့ခွင့် ရခဲ့တယ်ပေါ့ဗျာ။

ဂိမ်းထဲမှာတော့ အရောင်ကွဲပြားတဲ့ ငှက်လေးတွေကို တံတားအဝိုင်းလေးထဲမှာ သူ့နေရာနဲ့သူ နေရာချပြီး တံတားထိုးပေးရတယ်။
မြစ်ထဲ ပြုတ်ကျသွားရင် ရှုံးတယ်ပေါ့။

5. Google’s Birthday: Sept. 27

Google's 15th Birthday

ဂူဂဲလ်ရဲ့ (၁၅) နှစ်ပြည့် အတွက် ပြုလုပ်ထားတဲ့ ဂိမ်းလေးပါပဲ။
သူကတော့ ကြယ်လေးကို ရိုက်ချပြီး သကြားလုံးလေးတွေ ထွက်ကျအောင် လုပ်ရတဲ့ ဂိမ်းလေးပါပဲ။

Comment Here

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s