ရေနံချောင်း


============================

ရေနံချောင်း …….

============================

ဒီနေ့ အင်တာနက်ပေါ်မှာ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်းနဲ့ ဒီကဗျာလေး လာတွေ့လို့ …။

အဲ့ဒါ … မဖတ်ဖူးသူတွေအတွက် ပြန်ရှဲပါတယ်ပေါ့ ….။

စကားစပ်တုန်း ကျုပ်အကြောင်း ထည့်ပြောရရင် …

ကျုပ်က ရေနံချောင်းသား စစ်စစ်တော့ မဟုတ်ဘူး ….။

ရေနံချောင်းမြို့နယ် အနီးအနားက ပုစိညှောင့်တောက် ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ ….။

နေသာတဲ့ မနက်ခင်းတွေဆို …

ရွာမြောက်ဘက်ကနေ လှမ်းငေးကြည့်လိုက်ရင် ပုပ္ပါးတောင်ကြီးကို လှမ်းမြင်ရပါ့ဗျား ..။

ဆိုလိုချင်တာက … ကျုပ်က ရေနံချောင်းမြို့သား မဟုတ်ပေမယ့် …။

ရေနံချောင်း တောသား တစ်ယောက် ဖြစ်လေတော့ …။

ရေနံချောင်းနဲ့ ပတ်သက်တဲ့ ဒီကဗျာကို ရှဲတယ်ပေါ့ဗျာ …။

ဤကား … စကားပို ….။

============================

Continue reading

Advertisements

ဟာသစာစု


=============================

=============================

တစ်ခါတုန်းက ရွာတစ်ရွာမှာ သားအမိနှစ်ယောက် ရှိဒယ် ….။
တစ်ညဒေါ့ သားဖြစ်သူက အမေဖြစ်သူကို ခုလို မှာပြီး အိပ်ဒယ် ….။

“အမေ .. အမေ … မိုးရွာရင် ကျုပ်ကို နိုးပါဗျာ”

တိုက်တိုက်ဆိုင်ဆိုင်ဘဲ ညကျဒေါ့ မိုးဒွေ ရွာဘာလေရော …။
ဒါနဲ့ အမေဖြစ်သူက သူ့သားဂို နိုးဒယ် …။

“ငါ့သား လူလေး ထတော့၊ မိုးတွေ ရွာနေပြီ”

ဒီအခါ သားဖြစ်သူက ထလာပြီး ရေးကြီးသုတ်ပြာနဲ့ အမေဖြစ်သူကို မေးတယ် …။

“အမေ .. အမေ .. မီးခြစ် ဘယ်မတုန်း”

အမေဖြစ်သူက မီးခြစ် ပေးလိုက်ပါလေရော ….။
သားဖြစ်သူလည်း အမေ ပေးတဲ့ မီးခြစ်နဲ့ ခြစ်ပြီး ဆေးလိပ် ဖွာနေပါလေရော …။
ဒီအခါ အမေဖြစ်သူက မေးတယ် …။

“ဟဲ့ သား လူလေး .. မင်း မိုးရွာရင် နိုးဆိုလို့ အမေ နိုးပြီးပြီ။ ဘာလုပ်မလို့တုန်း။ နွားခြံထဲက နွားတွေ သွားရွှေ့မလို့လား ငါ့သားရဲ့”

ဒီအခါ သား ဖြစ်သူက ခုလို ပြန်ပြောလိုက်တယ် …

“အာ .. အမေ ကလည်း မဟုတ်ပါဘူး။ မိုးရွာရင် ဆေးလိပ် တအား သောက်လို့ကောင်းတာဗျ၊ အဲ့ဒါကြောင့် နိုးလို့ ပြောတာ”

====== Funny =======

ဖြစ်သမျှအကြောင်း အကောင်း


Young Girl, Don't Cry

++++++++++++++++++++

လွမ်းသမျှကို လွမ်းစာခွေလို့
လွမ်းမပြေသမျှ
လွမ်း၍ နေရဦးမည်
လွမ်းမိပါသည် မြန်မာပြည် …..။

နေ့စဉ် ဘဝ
စိတ်တိုင်းမကျလည်း
ဖြတ်ကျော်နေရဦးမည်
စိတ်ဆင်းရဲစေ ရင်ဆိုင်ရပေဦးမည် …..။

အိပ်ပျက်ညတွေ
ရက်ဆက်နေလည်း
ကြိုးစား၍တော့ အိပ်ရမည် …..။

အားငယ်မိလည်း
ပြုံးနေရဆဲ
လုပ်ငန်းခွင်ထဲ ((ကြိုးစား၍တော့))
ပျော်အောင်နေမည် …..။

ဘယ်သူမပြု မိမိမှုမို့
ငိုနေ၍တော့ မဖြစ်ပြီ …..။
++++++++++++++++++++++

By – Toetoe Wai

++++++++++++++++++++++

လမင်းဘေးက ကြယ် …..။


++++++++++++++++++++++++++++

just together

++++++++++++++++++++++++++++

တူစုံယှဉ်တွဲပြီး
လိုက်ဖက်ညီဖို့ မလိုပါဘူး
အနားနားမှာ ရှိနေခွင့်ရရုံလေး …..။

မကြင်နာချင်လည်း ရတယ်
တိမ်မည်းမှောင်တွေရဲ့
အန္တာရယ်တွေကို
အတူတူရင်ဆိုင်ခွင့်လေးတော့ပေး …..။

ငွေသော်တာ ပြည့်ဝန်းသာမှ
ကြည်ဖြူခဲ့တာ မဟုတ်ပါဘူး
ခုံးမျက်စ သုံးရက်လမတိုင်ခင်
ငွေနန်းရောင် မျှင်မျှင်လေးကတည်းကလေ…..။

++++++++++++++++++++++++++++

By – Sayyar Thu

++++++++++++++++++++++++++++

အချစ် ဆိုတာ …..။


++++++++++++++++++++++++++++++++++++

love-is

++++++++++++++++++++++++++++++++++++

“…..
ဒီလိုကွ …
အချစ်ဆိုတာ …
လိုက်ရှာလေ ပျောက်လေပဲ …
ဖာသိဖာသာ ပစ်ထားလိုက်မှ …
အလိုလိုရောက်လာတတ်တာမျိုးကွ ….. ။
…..”

++++++++++++++++++++++++++++++++++++

by – ကြီးမိုက်

++++++++++++++++++++++++++++++++++++