WordPress အသုံးပြုနည်း – ၁


WordPress အသုံးပြုနည်း – ၁

WordPress ဆိုတာ ဘာလဲ?

ဟုတ်ကဲ့ ….

WordPress ဆိုတာ Blogging Tool လို့ ဆိုပါတယ်။ Blog တွေ တည်ဆောက်ချင်တဲ့အခါ သုံးတဲ့ဟာပေါ့ဗျာ။ ကမ္ဘာပေါ်မှာ WordPress ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ Blog ပေါင်းဟာလည်း များစွာပါပဲ။ အချို့က Free Blog, အချို့ကတော့ ကိုယ်ပိုင် ဒိုမိန်းနိမ်းမ်နဲ့ ပိုက်ဆံပေးပြီး တည်ဆောက်ထားတဲ့ ဘလော့ဂ်တွေပေါ့။

WordPress မှာ ဆိုက်နှစ်ခုရှိပါတယ်။ WordPress.Org နဲ့ WordPress.Com ဆိုပြီး ဖြစ်ပါတယ်။ WordPress.Org မှာတော့ WordPress ရဲ့ နောက်ဆုံးထွက် version ကို Download ယူလို့ ရနိုင်သလို၊ Theme တွေ၊ Plugin တွေကိုလည်း ရယူနိုင်ပါတယ်။ WordPress.Com မှာတော့ Free Blog တည်ဆောက်လို့ ရနိုင်သလို၊ ပိုက်ဆံပေးပြီးတော့လည်း တည်ဆောက်လို့ ရနိုင်ပါတယ်။

အခု ကျနော် ပြောမှာကတော့ WordPress.Com နဲ့ Free Blog တစ်ခု တည်ဆောက်ခြင်းပဲ ဖြစ်ပါတယ်။ ပုံတွေနဲ့တကွ ပြောပြထားပါတယ်။ မရှင်းလင်းတာများ ရှိပါက Comment ထဲတွင် မေးမြန်းခဲ့နိုင်ပါတယ်။ Free Blog တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံး အနေနဲ့ WordPress.Com ကို သွားလိုက်ပါ။

Continue reading

WordPress အား အသုံးပြုထားသည့် နိုင်ငံတကာသတင်းစာများ


My Telegraph

My Telegraph ဟာ UK ရဲ့ သတင်းစာတစ်စောင် ဖြစ်တဲ့ The Telegraph Newspaper ရဲ့ လူမှုကွန်ရက် အစိတ်အပိုင်း တစ်ခုလို့ ပြောနိုင်ပါတယ်။

Le Monde

ပြင်သစ်နိုင်ငံရဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ Le Monde ရဲ့ ဘလော့ဂ်တစ်ခု ဖြစ်ပါတယ်။

Continue reading

WordPress အား XAMPP တွင် install လုပ်နည်း


WordPress အား XAMPP တွင် install လုပ်နည်း

WordPress ကို လေ့လာနေသူတွေ အနေနဲ့ online မှာ စမ်းကြည့်ဖို့ထက် ပထမဆုံး offline မှာ စမ်းကြည့်တာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နှေးလွန်းတဲ့ internet connection ကြောင့် ဖြစ်သလို၊ offline မှာ စမ်းခြင်းက online မှာ စမ်းခြင်းထက် ပိုမို မြန်ဆန်ပြီး အလွယ်တကူ ပြောင်းလဲနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Continue reading

WordPress 3.4 ထွက်ရှိ


WordPress 3.4 ထွက်ရှိ

ဇွန်လ ၁၃ ရက်နေ့က WordPress 3.4 ထွက်ရှိ လာခဲ့ပါတယ်။ WordPress 3.3 နဲ့ ယခု 3.4 ကြား ဘာတွေများ ထူးခြားသွားလဲ။ ဘာတွေများ အပိုဆာဒါးတွေ ပါလာသလဲ ကြည့်ကြည့်တဲ့အခါ …..

Continue reading