Blog ဆိုသည်မှာ


whatisblog

————————-

Blog ဆိုတာကို ဒီလို အဓိပ္ပါယ် ဖွင့်ထားပါတယ်။

“A personal website or web page on which an individual records opinions, links to other sites, etc. on a regular basis.”

မြန်မာလို တတ်သလောက် ဘာသာပြန်ရရင်ဖြင့် –

“Blog ဆိုတာ ကိုယ်တိုင်ရေး စာ၊ အကြောင်းအရာတွေနဲ့ တစ်ပါးသော ဝက်ဘ်ဆိုက်တွေဆီမှာ တင်ပြထားတဲ့ အကြောင်းအရာ တစ်ခုရဲ့ လင့်ခ်တွေကို ပုံမှန်အနေအထား အားဖြင့် တင်ပြထားတဲ့ ဝက်ဘ်ဆိုက် (သို့မဟုတ်) အင်တာနက် စာမျက်နှာ တစ်ခုပဲ ဖြစ်ပါတယ်။”

Continue reading

၁၅၀၀ ကျပ်တန် MEC Tel mobile အင်တာနက် Settings


တစ်နေ့က ညီငယ် တစ်ယောက်က သူ့ ၁၅၀၀ တန် MEC Tel ဖုန်းမှာ အင်တာနက် ပျောက်သွားလို့ အဲ့ဒါလေး ပြင်ပေးပါဦးတဲ့။

ဒီကကောင်ကလည်း ဟိုစပ်စပ် ဒီစပ်စပ် ဆိုတော့ ဆရာကြီးအထာနဲ့ သူ့ရဲ့ Network Settings ထဲ ဝင်ပြီး ကြည့်လိုက်တာပေါ့။ အစကတော့ ဂျီအက်အမ် တွေလိုပဲ မှတ်နေတာ။ ကြည့်လိုက်တော့မှ ဟုတ်မှ ဟုတ်ဘဲနဲ့။

ဒါနဲ့ပဲ … ငါ … မသိ .. ဆိုပြီး ပြန်လွှတ်လိုက်ရတယ်။ ဒီလိုအကြောင်းကြောင့် MEC Tel Internet settings ဘယ်လိုချိန်ရတယ်ဆိုတာ အင်တာမဲပေါ် လိုက်ရှာတော့တာပေါ့။ ဒါနဲ့ပဲ ဒီလိုလေး တွေ့လာတာနဲ့ ပြန်လည်ပြီး ကူးတင်ထားလိုက်ပါတယ်ဗျာ။

Continue reading

တစ်နှစ်တာ မှတ်တမ်း (၂၀၁၃)


=============================

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ပြောင်းတော့မယ်။

ဒီလို အခါမျိုးမှာ တစ်နှစ်စာ အတိတ်စာမျက်နှာကို လှန်ကြည့်မိပြန်တော့

ရင်ထဲမှာ ဖီလင်တစ်မျိုး ဖြစ်ရပြန်တယ်။

ဘာဖြစ်ဖြစ် ကျေနပ်စရာပါပဲ။

တစ်နှစ်တာအတွင်း ရေးခဲ့တဲ့ ပို့စ်တွေ အများစုကို ပြန်စုစည်းလိုက်တယ်။

ဒါကိုပဲ ခင်ဗျားတို့ကို ပြသရင်းနဲ့

နှစ်သစ်နှစ်မြတ် ဖြစ်ပါစေကြောင်း ချစ်စွာသော မိတ်ဆွေအပေါင်းအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်း ………….။

ချစ်ခြင်းများဖြင့် ….

မဟာရာဇာ အံစာတုံး

=============================

1. ကျုပ်ကို ………. (http://mandalaygazette.com/162172)



ကျုပ်ကို …
တချို့က ပြောကြတယ် …..
ဆံပင်က ဖြစ်သလိုထား
အဝတ်ကလည်း မသားနား
ဖိနပ် ၁၅၀၀ တန်များနဲ့
ဖွတ်ကျား … တဲ့ …။

———————————————–

2. ကမ္ဘာ့ အန္တရာယ်အများဆုံး တိရစ္ဆာန် (၁၀) မျိုး (http://mandalaygazette.com/162494)



၁။ ခြင် (Mosquito)
ရိုးရိုး အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ” ခြင် ဆိုတဲ့ အကောင်တွေက ဘာအန္တရာယ် ရှိလို့လဲ ..? ” ဆိုပြီး မေးခွန်း ထုတ်နိုင်ပါတယ်။ ဟုတ်ကဲ့ …။

ခြင်တွေက အရွယ်အစားအားဖြင့် လူတစ်ယောက်ရဲ့ လက်သည်းခွံလောက်တောင် မရှိပါဘူး။ လာကိုက်သလား …၊ ဖြတ်ခနဲ ရိုက်သတ်လိုက်ရုံပါပဲ။

ဒါပေမယ့် ခြင်ဆိုတဲ့ အကောင်တွေက တကယ့်ရောဂါပိုးတွေကို သယ်ဆောင် ထားကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ လူသတ်သမား အကြီးစားတွေ

လို့တောင်မှ သတ်မှတ်ထားကြပါသေးတယ်။

———————————————–

Continue reading

Google ရဲ့ အကောင်းဆုံး Doodle Game (၃) ခု


တစ်ခါတစ်ခါ Google ကို ဖွင့်လိုက်တဲ့အခါ သူ့ရဲ့ လိုဂိုတွေ ပြောင်းနေတာမျိုး တွေ့ရတတ်ပါတယ်။ ဒီလိုဂို ကိုပဲ Doodle ရယ်လို့ ခေါ်ပါတယ်။

ဂူဂဲလ် ဟာဆိုရင် သူ့ရဲ့ ဒူဒဲလ် တွေကို အခါကြီး ရက်ကြီးများမှာ ပြောင်းလဲတတ်ပါတယ်။ ဒီလို ပြောင်းလဲတဲ့အထဲမှာ ဂိမ်းပုံစံမျိုး ထည့်သွင်းထားကြတာမျိုးတွေလည်း ရှိပါတယ်။ လှုပ်ရှားမှု သက်သက်ပဲ ထည့်သွင်းကြတာမျိုးလည်း ရှိပါတယ်။ တစ်ခါကဆိုရင် ဂစ်တာကြိုးလေးတွေနဲ့ ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီကြိုးလေးတွေကို မောက်လေးနဲ့ ဆွဲလိုက်ရင် ဂီတသံလေး ထွက်လာတယ်။ ဒါက နမူနာ ပြောတာပါ။

အခု ပြောမှာကတော့ ဒီလို ဂိမ်းပုံစံ ဒူဒဲလ် တွေထဲကမှ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ဂိမ်း (၃) ခုပါပဲ။

Continue reading